<div style='background-color: none transparent;'></div>

Monday, December 23, 2013

ထိုင်ဝမ်၊ မကာအိုနှင့် ဟောင်ကောင်တို့မှ မြန်မာလုပ်သားများ ခေါ်ယူလို

မြန်မာလုပ်သားများကို ခေါ်ယူရန်အတွက် ထိုင်ဝမ်၊ မကာအို၊ ဟောင်ကောင်တို့မှ MOU ရေးထိုးရန် ကမ်း လှမ်းထားကြောင်း မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုအဖွဲ့ချုပ် ဥက္ကဋ္ဌဦးမင်းလှိုင်က ပြောသည်။

“ထိုင်ဝမ်၊ မကာအို၊ ဟောင်ကောင်နိုင်ငံတွေက MOU တွေက လက်မှတ်ထိုးဖို့ ကမ်းလှမ်းထားပါတယ်။ ပြည်ပအလုပ်အကိုင်ဈေးကွက်က တအားကြီးပါတယ်။ ပေးမယ့်အေဂျင်စီကြေးတွေကလည်း တအားမြင့်ပါ တယ်။ ဒါကို ကျွန်တော်တို့ မူလေးချမှတ်ပြီးတော့ လုပ်ရပါတယ်”ဟု ဒီဇင်ဘာ ၂၂ ရက်က ရန်ကုန်မြို့၊ လှိုင် မြို့နယ်အတွင်းရှိ MICT Park တွင် ပြုလုပ်သည့် မြန်မာပြည်ပအလုပ်အကိုင် ၀န်ဆောင်မှုအဖွဲ့ချုပ် အမှု ဆောင်သစ်များ ရွေးချယ်ပွဲတွင် ပြောသည်။

လက်ရှိတွင် ပြည်ပအလုပ်အကိုင်အေဂျင်စီ ၁၇၅ ခုရှိနေပြီး ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဂျပန်၊ အရှေ့အ လယ်ပိုင်းနိုင်ငံများသို့ ပို့ဆောင်နေကြောင်း သိရသည်။


by mizzima

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...