ပြည်ပမှ အငှားယာဉ် (Taxi) တင်သွင်းမှုများနှင့် တင်သွင်းခွင့်
လျှောက်ထားသည့် ကုမ္ပဏီများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏
အစီအစဉ်ဖြင့် ရက်အကန့်အသတ်မရှိ ယာယီ ရပ်ဆိုင်းထားကြောင်း
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး
ဦးအောင်ခင်က The Voice သို့ ပြောကြားသည်။
ရန်ကုန်မြို့တွင်း
လမ်းပန်း ဆက်သွယ်ရေး ခက်ခဲလာမှုနှင့် ယာဉ်ကြော ပိတ်ဆို့ခြင်းများ ဖြစ်
ပေါ်နေသည့်အတွက် အငှားယာဉ် တင်သွင်းမှု များကို ခွင့်မပြုသေးခြင်း
ဖြစ်ကြောင်း ၎င်းကရှင်းပြ သည်။
ဒီဇင်ဘာလ ပထမပတ်မှ စတင်၍ ပြည်ပမှ
အငှားယာဉ် တင်သွင်းခွင့်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က
ပိတ်လိုက်ခြင်း ဖြစ်ပြီး ပြန်ခွင့်ပြုမည့် ရက်ကိုမူ
မပြောကြားနိုင်သေးကြောင်း၊ လောလောဆယ် တင်သွင်းခွင့် လျှောက်ထားသည့်
ယာဉ်အစီးရေ ရာနှင့်ချီ၍ ရှိကြောင်း ဦးအောင်ခင်က ပြောကြားသည်။
အငှားယာဉ် တင်သွင်းမည့် ကုမ္ပဏီသည် သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရ၏
ခွင့်ပြုချက်ရမှသာ ကုမ္ပဏီ တစ်ခုလျှင် အစီးရေ ၅၀ တင်သွင်းခွင့် ရှိမည်
ဖြစ်ပြီး တိုင်းအစိုးရ ခွင့်ပြုချက် မရလျှင်မူ တင်သွင်းခွင့် မပြုကြောင်း
စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ယာဉ်ကြီးကြပ်ရေးဌာနမှ
တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
“ကျွန်တော်တို့ကတော့ ပိတ်တယ် မပိတ်ဘူးဆိုတာ မသိဘူး။ အခုထက်ထိတော့ တင်သွင်းခွင့် ပြုထားပါတယ်” ဟု ယင်းတာဝန်ရှိသူက ဆိုသည်။
ရန်ကုန်မြို့တွင်း အငှားယာဉ်များ များပြားခြင်းနှင့် ခရီးသည်တင် ယာဉ်များ၏
စည်းကမ်းမဲ့ မောင်းနှင်မှု များကြောင့် အများပြည်သူများ သွားလာရသည်မှာ
ပိုမိုခက်ခဲလျက် ရှိပြီး ခုံးကျော် တံတားများ ဖွင့်လှစ် ပေးပြီးသော်လည်း
ယာဉ်ကြော ပိတ်ဆို့မှုများ ဆက်လက် ဖြစ်ပေါ်နေဆဲ ဖြစ်ကြောင်း ဆောက်လုပ်ရေး
ကုမ္ပဏီတစ်ခုမှ ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။
by the voice weekly
Saturday, December 7, 2013
အငှားယာဉ် တင်သွင်းခွင့် ရန်ကုန်တိုင်းအစိုးရ အစီအစဉ်ဖြင့် ယာယီရပ်ဆိုင်း
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...