စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ရှိ အမှတ်(၂၂၈) ခြေလျင်တပ်ရင်းမှ
တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး မိုးဝင်းအောင်က ကာမ လိမ်လည်ရယူသည်ဟုဆိုကာ
၎င်းကို အရေးယူပေးရန် ပဲခူးမြို့ မွေးမြူရေးနှင့် ရေလုပ်ငန်း ညွှန်ကြားမှု
ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ကေသီစိုးက ဇန်နဝါရီလ ၁၆ ရက်နေ့က လာရောက်
တိုင်ကြားခဲ့ကြောင်း ကလေးမြို့ ပြည်သူ့ရဲတပ်ဖွဲ့စခန်းမှ ရဲအရာရှိတစ်ဦးက The Voice သို့ အတည်ပြု ပြောကြားသည်။
ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ပဲခူးမြို့ မွေးမြူရေးနှင့် ရေလုပ်ငန်း
ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ကေသီစိုး ၂၅ နှစ်သည်
၎င်းတပ်ရင်းမှူးနှင့်အတူ ကလေးမြို့ ရှင်းဟုန် တည်းခိုခန်း အခန်း အမှတ် (၃၀၇)
သို့ လာရောက် တည်းခိုကြပြီး လက်ထပ် ပေါင်းသင်းမည်ဟု ယုံကြည်အောင်
ပြောဆိုသဖြင့် အတူနေထိုင် ခဲ့ကြကြောင်း၊ နံနက် မိုးလင်းသောအခါ
လက်မထပ်နိုင်ကြောင်း ပြောသဖြင့် လာရောက် တိုင်တန်းခြင်း ဖြစ်ကြောင်း
ဒေါ်ကေသီစိုး၏ ပြောကြားချက်ကို ကိုးကား၍ ၎င်းရဲအရာရှိက ရှင်းပြသည်။
ရဲစခန်းသို့ လာရောက် တိုင်တန်းသော်လည်း ရဲအရေးပိုင်သော အမှု မဟုတ်သည့်အတွက်
မြို့နယ်တရားရုံးသို့ ဦးတိုက် လျှောက် ထားရန် ပြောဆိုခဲ့ကြောင်း အထက်ပါ
ရဲအရာရှိက ပြောကြားသည်။
“မုဒိမ်းကျင့်တာ မဟုတ်ဘူး။ နှစ်ဦးသဘောတူ
ဖြစ်ခဲ့ကြပြီးမှ ကာမကို လိမ်လည် ရယူခဲ့တာဆိုတော့ ရဲက အရေးမပိုင်ဘူး” ဟု
ကလေးမြို့နယ်ရဲမှူး စိုးမြင့်က ပြောကြားသည်။
အဆိုပါအမှုနှင့်
ပတ်သက်၍ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၄၁၇ ဖြင့် ဆောင်ရွက်နေကြောင်း သိရပြီး
အသေးစိတ် သိရှိရန် ကလေးမြို့နယ် တရားရုံးသို့ သွားရောက် မေးမြန်းရာတွင်
ပြန်လည် ဖြေဆို၍ မရသေးကြောင်း တရားရုံး တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် အမှတ်(၂၂၈) ခြေလျင်
တပ်ရင်းမှူးထံသို့ သွားရောက် မေးမြန်းရာ ရှေ့တန်းသို့ သွားနေသည် ဖြစ်၍
မတွေ့ခဲ့ရဘဲ ညနေ ၆ နာရီခွဲ အချိန်တွင် ကလေးမြို့ ဒေသကွပ်ကဲမှု
စစ်ဌာနချုပ်နှင့် တွေ့ဆုံရန် သွားရောက်ခဲ့ရာ တွေ့ဆုံခွင့် မရခဲ့ဘဲ
ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များမှာ မှန်ကန်ကြောင်း၊ ဖြစ်စဉ် တိတိကျကျ
သိလိုလျှင် တနင်္လာနေ့တွင် လာရောက်ရန်အတွက် အဆိုပါ ဌာနချုပ်မှ
ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦးက ပြောကြားသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ
၁၅ ရက်နေ့ကလည်း ကလေး-တီးတိန်သွား ကားတစ်စီးကို အမှတ် (၈၉) ခြေလျင်တပ်ရင်းမှ
ဗိုလ်ကြီးအဆင့်ရှိသူ အပါအဝင် တပ်မတော် သားနှစ်ဦးက သေနတ်ဖြင့် ချိန်ကာ
ငွေတောင်းခံခြင်း ဖြစ်ပေါ်ခဲ့ဖူးကြောင်း ကလေးမြို့ ပြည်သူ့ ရဲတပ်ဖွဲ့စခန်း
မှတ်တမ်းများအရ သိရသည်။
The Voice Weekly
Monday, January 20, 2014
တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးကို ကာမလိမ်လည်မှုဖြင့် တိုင်ကြား
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...