ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဆင်တက်မော် မွတ်စလင်ဒုက္ခသည်စခန်းမှာ
ဒီကနေ့မနက် ၁ နာရီလောက်က မီးလောင်ကျွမ်းခဲ့တာကြောင့် အိမ်ထောင်စု ၅၀၀ ကျော်
အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီလောင်ကျွမ်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုတွေနဲ့ ပတ်သက်ပြီး ပေါက်တောမြို့နယ် ရဲအရာရှိတစ်ဦးက RFA ကို ခုလို ပြောပါတယ်။
“ဆင်တက်မော်ကျေးရွာ ဘင်္ဂါလီကယ်ဆယ်ရေးစခန်းမှာ
ဖြစ်တာပါ။ အဆောင်အမှတ် ၈၇၊ အဲဒီကနေ စလောင်တာလေ မီးက။ ဆုံးရှုံးသွားတာက
နေအိမ် ၈ ခန်းတွဲအဆောင် ၃၁ လုံး၊ မီးဖိုဆောင်က ၆ လုံး၊ စာသင်ဆောင်က ၂လုံး၊
ပေါင်း ၃၉ လုံး ပျက်စီးဆုံးရှုံးသွားပါတယ်။”
အဲဒီမီးဟာ ပေါ့ဆမီးကြောင့် လောင်ကျွမ်းခဲ့တာဖြစ်ပြီး ၁ နာရီလောက်လောင်ကျွမ်းအပြီးမှာ မီးငြိမ်း သွားခဲ့ပါတယ်။
ရခိုင်ပြည်နယ် အစိုးရတာဝန်ရှိသူတွေ အဲဒီဒုက္ခသည်စခန်းကို ရောက်နေပြီး
ဒုက္ခသည်တွေအတွက် လတ်တလောလိုအပ်ချက်တွေကို စီမံဆောင်ရွက်နေတယ်လို့လည်း
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးကော်မတီအတွင်းေ
RFA
Friday, January 17, 2014
ပေါက်တောမှာ မွတ်စလင်ဒုက္ခသည်စခန်း မီးလောင်
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...