ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ရွှေသောင်ယံမြို့နယ်ခွဲတွင် (၁၈.၁.၂၀၁၄)
ရက်နေ့ည (၁၁း၃၀) အချိန် သဲကုန်းအုပ်စု ကျူတောကျေး ရွာမှ
နော်ဖလားဖောဆိုသူအမျိုးသမီး၏ သတင်းပေးချက်အရ စခန်းမှူးစန်းဝင်းနှင့်
တပ်ဖွဲ့ဝင်များသည် အဆိုပါရွာသို့ သွားရောက်ကြရာ ၄င်းတို့နေအိမ်နှင့် ပေ
(၇၀) အကွာ အုန်းခြံထဲတွင် ဖိုးမူဆီးအမည်ရှိ အမျိုးသမီး အလောင်းကို
(မျက်နှာညိုမဲဖူးရောင်ဒဏ်ရာ များနှင့်) တွေ့ရှိရသည်။ တဖန် (၁၉.၁.၂၀၁၃)
ရက်နေ့၊ နံနက် (၀၂း၃၀) အချိန်တွင် ၄င်းနေရာ နှင့် ပေ (၄၀) အကွာတွင်
သုံးလသားအရွယ်ကလေးအလောင်းအား ထမ်မံတွေ့ရှိရသည်။ အဆိုပါ ဖြစ်စဉ်နှင့်
ပတ်သက်၍ သေဆုံးသူကလေး၏ ဖခင်ဖြစ်သူ စောမုန်တိုင်းအားစစ်ဆေးလျက်ရှိပြီး
လူသတ်တရားခံအား အမြန် ဆုံးဖမ်းဆီးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း
သိရှိရသည်။
by myawady
Monday, January 20, 2014
အမျိုးသမီးတစ်ဦးနှင့်သုံးလသားအရွယ်ကလေးတစ်ဦးအသတ်ခံရ
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...