ကမ္ဘာကျော် ပတ္တမြားနှင့် နီလာ ကျောက်မျက်ရတနာများ အဓိကထွက်ရှိရာ
မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့တွင် ဇန်နဝါရီလ ၂၁ ရက်နေ့က
တစ်ပြိုင်နက်တည်း ရွှေဆိုင်နှစ်ဆိုင်ကို လူခြောက်ဦးက ပစ္စတိုသေနတ်
နှစ်လက်ဖြင့် ဓားပြတိုက်ရာ ရွှေ ၆ ပိဿာခန့် ပါသွားပြီး သေနတ်ဒဏ်ရာကြောင့်
အမျိုးသားတစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရသွားကြောင်း မိုးကုတ်မြို့နယ် ရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူထံမှ သိရသည်။
မိုးကုတ် မြို့လယ်ကောင်ရှိ ပတ္တမြားဈေး အတွင်း မျက်နှာချင်းဆိုင်ရှိသည့်
မီလျံရွှေဆိုင်နှင့် နဂါးရွှေဆိုင် တို့ကို ဇန်နဝါရီလ ၂၁ ရက်နေ့ မွန်းလွဲ ၂
နာရီ ဝန်းကျင်ခန့်က မျက်နှာအုပ်ထားသည့် အမျိုးသားခြောက်ဦးက တစ်ဆိုင်လျှင်
သုံးဦးဖြင့် တစ်ပြိုင်နက်တည်း ဓားပြတိုက်ခြင်း ဖြစ်ကြောင်း အဆိုပါ
ရဲတပ်ဖွဲ့စခန်း မှတ်တမ်းများအရ သိရသည်။
ယင်းဓားပြတိုက်မှုကြောင့်
နဂါးရွှေဆိုင်မှ ရွှေ ၄ ပိဿာ၊ ခန့်မှန်းတန်ဖိုး ကျပ်သိန်းပေါင်း ၃၅၀၀ ခန့်၊
မီလျံရွှေဆိုင်မှ ရွှေနှစ်ပိဿာခန့် (စိစစ်ဆဲ) ပါသွားကြောင်း မိုးကုတ်မြို့နယ်
ရဲစခန်းထံမှ ထပ်မံ သိရသည်။
ယင်းဓားပြတိုက်သူ များက သေနတ်ဖြင့်
ပစ်ခတ်မှုကြောင့် ရွှေဆိုင်မျက်စောင်းထိုး မှန်ဆိုင်ရှိ အသက် ၅၃ နှစ်အရွယ်
အမျိုးသားတစ်ဦး ဘယ်ဘက်ရင်အုံကို ထိမှန်ကာ သေဆုံးသွားပြီး မီလျံရွှေဆိုင်မှ
ဆိုင်ပိုင်ရှင်၏ သမက်ဖြစ်သူ အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ
ဘယ်ဘက်ပေါင်တွင် ဒဏ်ရာ ရသွားကြောင်း အဆိုပါ ရဲစခန်းမှတ်တမ်း များအရ သိရသည်။
ယင်းဓားပြတိုက်သူများ ကျန်ခဲ့သည့် တူ၊ အခြားပစ္စည်းများနှင့် ကျည်ဆန်ခွံ
များကို ရှာဖွေ သိမ်းဆည်းနေကြောင်း မိုးကုတ်မြို့နယ် ရဲတပ်ဖွဲ့စခန်း
တာဝန်ကျ ရဲဝန်ထမ်းတစ်ဦးက ပြောကြားသည်။
"သူတို့တိုက်သွားတဲ့ အချိန်က
စုစုပေါင်း မိနစ် ၂၀ ပဲကြာတယ်။ ခုချိန်မှာ မြို့အဝင်အထွက်နဲ့
သွားလာနိုင်ခြေ ရှိတဲ့ နေရာတွေမှာ ပိတ်ဆို့ ရှာဖွေနေတယ်" ဟု ၄င်းက
ဇန်နဝါရီလ ၂၁ ရက်နေ့ ညနေ ၆ နာရီ အချိန်တွင် ပြောဆိုသည်။
အဆိုပါဈေး
အတွင်း ရွှေဆိုင်ငါးဆိုင်ခန့် ရှိပြီး ရွှေဆိုင်များသည် ဈေးအပြင်
ဘက်တန်းတွင် အများဆုံးရှိပြီး ဈေးအတွင်းသို့ အလွယ်တကူ ဝင်ထွက်ကာ ယင်းသို့
ဓားပြတိုက်သွားခြင်း ဖြစ်ကြောင်း ၄င်းက ထပ်မံပြောကြားသည်။
"ကျွန်တော်တို့တစ်သက် ဒီလိုမျိုး တစ်ခါမှ မကြားဖူးဘူး။ ခုတော့ လူတွေက
ငတ်နေကြပြီ မို့လို့ ဒီလိုလုပ်တယ် ထင်တယ်။ ကျွန်တော်တော့ တုန်လှုပ်မိတယ်" ဟု
မိုးကုတ်မြို့ဒေသခံ ကျောက်ကုန်သည် ဦးနေမျိုးက ဆိုသည်။
ရွှေဆိုင်ဓားပြတိုက်မှုနှင့် ပတ်သက်၍ အမှုအမှတ်(ပ) ၂၀/၂၀၁၄ ဖြင့် အမှု ဖွင့်ထားကြောင်း မိုးကုတ်မြို့နယ် ရဲတပ်ဖွဲ့စခန်း ထံမှ သိရသည်။
မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် လမ်း ၈၀ နှင့် ၂၉ လမ်း
ထောင့်ရှိ မောင်ကိန်း ရွှေဆိုင်ကို ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၂၄
ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်က လူတစ်ဦးသည် ဆိုင်အတွင်း သေနတ်ပစ်ဖောက်၍
ရွှေထည်ပစ္စည်းများ ယူသွားသော်လည်း ဆိုင်ကယ်မောင်းထွက်ရန် ပြင်နေစဉ်
ဆိုင်ဝန်ထမ်း တစ်ဦးက လုံးထွေး ဟန့်တားပြီး ဘေးပတ်ဝန်းကျင်မှ ကူညီ
ဖမ်းဆီးပေးခဲ့ရာ ကျူးလွန်သူကို ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။
by the voice weekly
Wednesday, January 22, 2014
မိုးကုတ် ရွှေဆိုင်နှစ်ဆိုင်တွင် သေနတ်ကိုင်လူတစ်စု တစ်ပြိုင်တည်း ဓားပြတိုက်မှု တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...