မော်တော်ယာဉ် နံပါတ်အနက်များကို လချုပ်၊ ရက်ပိုင်းနှင့် ခရီးစဉ်အလိုက်
ငှားရမ်းသည့် အငှားကုမ္ပဏီများ၏ မော်တော်ယာဉ်များကို ငှားရမ်းသူများက
ပြန်လည် ရောင်းချခြင်း၊ ပေါင်နှံခြင်းများ ဖြစ်ပေါ်လျက် ရှိကြောင်း အဆိုပါ
မော်တော်ယာဉ် ကုမ္ပဏီများထံမှ သိရသည်။
“လိမ်လည်မှုက ကြီးပါတယ်။ အစီးရေ ၁၀၀ ကျော်လောက် ရှိနေပြီ” ဟု ရောင်နီဦး မော်တော်ယာဉ် ရောင်းဝယ်ရေးနှင့် ငှားရမ်းခြင်း ကုမ္ပဏီ အုပ်ချုပ်မှု ဒါရိုက်တာ ဦးအောင်ဝင်းက ပြောကြားသည်။
သန်းခေါင်စာရင်း၊ မှတ်ပုံတင်၊ နေရပ်လိပ်စာ အတုများဖြင့် ကုမ္ပဏီထံမှ
မော်တော်ယာဉ်များ လာရောက် ငှားရမ်းကြခြင်း ဖြစ်ပြီး ကညနစာအုပ် အတုပြုလုပ်၍
ပြန်လည် ရောင်းချကြောင်း လိမ်လည်ခံရသည့် မော်တော်ယာဉ် ကုမ္ပဏီများထံမှ
သိရသည်။
လိမ်လည်မှုများကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ အတွင်းက
စတင်သိရှိခဲ့ခြင်း ဖြစ်ပြီး ယင်းသို့ လိမ်လည်ခြင်းများတွင်
အမျိုးသမီးပွဲစားများ ပိုမိုများပြားကြောင်း ရောင်နီဦး မော်တော်ယာဉ်
ငှားရမ်းခြင်း ကုမ္ပဏီ အထွေထွေမန်နေဂျာ ဦးဝင်းထွဋ်က ပြောကြားသည်။
လိမ်လည်မှုများကြောင့် မော်တော်ယာဉ် တစ်လချင်း ငှားရမ်းခြင်းနှင့် ခရီးစဉ်
အလိုက်ငှားရမ်းခြင်းများကို ခေတ္တရပ်နားထားပြီး စာရွက် သတ်မှတ်ချက်များကို
ပြန်လည် စိစစ်သွားမည် ဖြစ်ကြောင်း ရောင်နီဦး မော်တော်ယာဉ်
ရောင်းဝယ်ရေးနှင့် ငှားရမ်းခြင်း ကုမ္ပဏီထံမှ သိရသည်။
by the voice weekly
Thursday, January 16, 2014
မော်တော်ယာဉ်များ ငှားရမ်းပြီး လိမ်လည် ရောင်းချမှုများ ဆက်တိုက်ဖြစ်ပေါ်ဟုဆို
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...