ရမည်းသင်းမြို့နယ်၊ ပေါင်းလောင်းဒေသစု ပေါင်းကုမ္ပဏီတွင် ဒုရဲအုပ
်အောင်စောဝင်းသည် လုံခြုံရေးတာဝန်ဆောင်ရွက်နေစဉ် ရွှေအိုးပြည့်လုပ်ကွက်
ဈေးတန်း၌ အမျိုးသမီး (၂) ဦး သေဆုံးနေကြောင်း သတင်းအရ သက်သေ ဦးလှဝင်း
အလယ်ပိုင်ရပ်ကွက် ကျောက်ဖြူမြို့ (ဈေးတန်းအုပ်ချုပ်ရေးမှူး)၊ ဦးတငိမျိုး
(ဈေးတန်းမှူး) နှောကန်ရွာ နတ်မောက်မြို့နယ်နေသူတို့နှင့်အတူ သွားရောက်ကြည့်ရှု့
စစ်ဆေးရာ ရွှေအိုးပြည့်ဈေးတန်းအနောက် ဘက်တောင်ကြားမှ
သစ်ပင်အမြစ်လှန်ပြီးလှဲကြ၍ ယာယီတဲတစ်လုံးအား ပိမိသဖြင့် တဲအတွင်း
အိပ်ပျော်နေသော မတင်မာဌေး (၁၈) နှစ်(ဘ)ဦးအောင်သန်း၊ ၈/နမန(နိုင်)၂၀၃၀၆၅၊
လယ်ပြင်ကန်ရွာ နတ်မောက်မြို့နယ် နေသူနှင့် မစန်းဒေဝီ (၂၉) နှစ် (ဘ)
ဦးစိန်လှ၊ ၈/နမန(နိုင်) ၁၈၃၂၂၆၊ လယ်ပြင်ကန်ကျေးရွာနတ်မောက်မြို့နေသူတို့အား ပိမိ၍ မတင်မာဌေးတွင် ဝဲမျက်လုံးပေါက်ပြဲဒဏ်ရာ၊ ဝဲလက်ကောက်ဝတ်ကျိုး၊ ဦးခေါင်း/ဝဲရင်ဘတ်ဖူးရောင်ဒဏ်ရာနှင့်
မစန်းဒေ၀ီတွင် ပါးစပ်သွေးယိုဒဏ်ရာ၊ ဦးခေါင်းကြေမွှဒဏ်ရာတို့ဖြင့်
သေဆုံးနေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ရမည်းသင်းဆေးရုံသို့ ရဲဆေးစာဖြင့်
ပို့အပ်ရာ ဒေါက်တာနန်းကျော့ခိုင်မှ(ပိအာ) အမှတ် (၈-၉/၂၀၁၄) ဖြင့်
လက်ခံစစ်ဆေးပြီး ဒမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးနိုင်ရန်
ဒုရဲအုပ်အောင်စောဝင်းမှ တရားလိုပြုလုပ် တိုင်တန်းသဖြင့်
မြို့မစခန်း(ရမည်းသင်း) သေမှုသေခင်းအမှတ်စဉ်(၅/၂၀၁၄ )ဖြင့် ရေးဖွင့်၍
ရဲအုပ်နေလင်းထွန်းမှ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြ၀တီ
0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...