ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့မှ အမျိုးသမီးငယ်တစ်ဦးကို တရုတ်နိုင်ငံရှိ
သစ်ခွခြံတွင် အလုပ်ရမည်ဟု စည်း ရုံးခေါ်ဆောင်ကာ တရုတ်အမျိုးသားနှင့်
လက်ထပ်ရန် ရောင်းစားခဲ့သူ မခင်သန်းမြင့်ကို အရေးယူပေးရန် မူဆယ်လူကုန်ကူးမှု
တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုမှ ဖမ်းမိပြီဖြစ်သည်။
အဆိုပါ အမှုကို မူဆယ်လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့
ဖြစ်စဉ်မှာ ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့မှ အမျိုးသမီးငယ်တစ်ဦးသည် ၂၀၁၃
ခုနှစ် ဇွန်လက လားရှိုးမြို့သို့ ဆေးခန်းပြသရန် လာစဉ် ကားဂိတ်၌
နမ့်ဆန်မြို့၊ မန်လွယ်ရွာနေ မခင်သန်းမြင့်နှင့် တွေ့ဆုံခဲ့ပြီး လားရှိုး
မြို့ရှိ တည်းခိုခန်း၌ အတူတည်းခိုစဉ် တရုတ်နိုင်ငံတွင် အလုပ်ကောင်းသဖြင့်
သစ်ခွခြံတွင်လုပ်ရမည်၊ တစ်ရက်လျှင် တရုတ်ငွေယွမ် ၅၀ မှ ၁၀၀ အထိရမည်ဟု
မခင်သန်းမြင့်က စည်းရုံးပြောဆိုသဖြင့် လိုက် ပါသွားခဲ့သည်ဟု လူကုန်ကူးခံရသူ
အမျိုးသမီးငယ်က ပြန်လည်ပြောပြထားသည်။
ထို့နောက် တရုတ်နိုင်ငံ၊
ဝမ်တိမ်းမြို့အနီးရှိ ပလောင်ရွာသို့ ခေါ်ဆောင်သွားပြီး ၄င်းအိမ်တွင် ၅
ရက်ခန့် နေထိုင်စဉ် တရုတ်ယောက်ျားသုံးဦးနှင့် ပြသခဲ့ပြီး၊
ယောက်ျားမယူလိုကြောင်း ငြင်းဆိုသော်လည်း တရုတ်ယောက်ျားယူမှ
ငွေကြေးအဆင်ပြေမည်၊ HIV ရောဂါကုသ၍ရမည်ဟု အတင်းအကျပ်ပြောဆို သဖြင့်
သဘောတူခဲ့ရာ ပလောင်ရွာနေ တရုတ်လူမျိုး စိုင်းဆမ်မှ ပေါက်စန်းမြို့၊
တာထဲင်းပန်ရွာသို့ ခေါ်ဆောင်သွားပြီး အသက် ၃၀ ခန့်အရွယ် အားချောင်ထံ ယွမ်
၃၆,၀၀၀ ဖြင့် ရောင်းစားခံခဲ့ရသည်။
ယင်းကဲ့သို့ ရောင်းစားမှုမှ
မခင်သန်းမြင့်က ယွမ်၂၀၀၀ ရရှိခဲ့ပြီး အားချောင်နှင့် ခြောက်လခန့်
ပေါင်းသင်း ခဲ့ရာ ကိုယ်ဝန်သုံးလရရှိချိန်တွင် အမျိုးသမီးငယ်ထံ HIV
ရောဂါရှိသည်ကို သိရှိသွားပြီး ဆက်လက် မပေါင်းသင်းတော့ဘဲ မခင်သန်းမြင့်ထံ
တရုတ်အမျိုးသားက ပြန်ပို့ခဲ့သည်။
ထို့နောက် မခင်သန်းမြင့်က
အမျိုးသမီးငယ်များအား စည်းရုံးခေါ်ဆောင်လာရန် နှင့် အမျိုးသမီးတစ်
ယောက်ခေါ်ဆောင်လာပါက ရောင်းရငွေမှ တစ်ဝက်ပြန်ပေးမည်ဟု ပြောပြီး
မြန်မာနိုင်ငံ၊ လားရှိုးမြို့သို့ ပြန်လည်စေလွှတ်ခဲ့ရာမှတစ်ဆင့်
လားရှိုးလူကုန်ကူးမှုတားဆီးနှိမ်န
ယင်းနောက်တွင် လားရှိုးတပ်ဖွဲ့စုမှူးရုံးမှတစ်ဆ
အဆိုပါ သိရှိမှုမှတစ်ဆင့် မူဆယ်လူကုန်ကူးမှုတားဆီးနှိမ်နင်
လက်ရှိတွင်
လူကုန်ကူးခံရသူ အမျိုးသမီးငယ်ကို မူဆယ်မြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊
လူကုန်ကူးခံရသူ များ စောင့်ရှောက်ရေးဂေဟာတွင် ခေတ္တထားရှိသည်။
by mizzima
Thursday, January 16, 2014
လားရှိုးမြို့က အမျိုးသမီးငယ်ကို တရုတ်နိုင်ငံသို့ရောင်းစားသူ ဖမ်းမိပြီ
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...