ရ၀မ်ဒါ နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ မှုခင်း တစ်ခုဟာ AIDS ရောဂါ ဝေဒနာနဲ့
ဆက်စပ်ပတ်သက်နေခဲ့လို့ စိတ်ဝင်စားစရာ ကောင်းခဲ့ပါတယ်။ အသက် အလယ်အလတ်
အရွယ်ရှိ ကမ်ပိုရိုရို အမည်ရှိ အမျိုးသမီး တစ်ဦးဟာ သူ့ရဲ့ ခင်ပွန်း ဖြစ်သူ
AIDS ရောဂါပိုး ကူးစက် မှာဆိုးလို့ သူကိုယ်တိုင် သတ်ပစ်ခဲ့တယ်လို့
သိရပါတယ်။ သူ့ရဲ့ခင်ပွန်းဖြစ်သူဟာ အသက် (၄၈ နှစ်) အရွယ်ရှိ မီယန်ဘီလီ
ဖြစ်ပါတယ်။ မီယန်ဘီလီရဲ့ အစ်ကိုဖြစ်သူဟာ AIDS ရောဂါ ဝေဒနာကြောင့် သေဆုံး
သွားခဲ့ပါတယ်။
ရ၀မ်ဒါ နိုင်ငံမှာ ရိုးရာ ထုံးထမ်းအစဉ်အလာတွေအရ
သေဆုံးသွားတဲ့ ယောက်ျားဖြစ်သူရဲ့ဇနီးကို ဆွေမျိုးသားချင်းတွေက
ကူညီထောက်ပံ့မှုတွေ ပြုလုပ်ရ ပါတယ်။ ဒါကြောင့် မီယန်ဘီလီဟာ အစ်ကိုဖြစ်သူရဲ့
မိန်းမကို လက်ထပ်ပေါင်း သင်းရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ မီယန်ဘီလီရဲ့
ဇနီးဖြစ်သူဟာ သူ့ရဲ့ခင်ပွန်း AIDS ရောဂါပိုး ကူးစက်မှာကို မလိုလားခဲ့ပါဘူး။
ဒါကြောင့် ကမ်ပိုရိုရိုဟာ သားဖြစ်သူ၊ အစ်မဖြစ်သူတို့ နဲ့အတူ
ယောက်ျားဖြစ်သူကို ဓားနဲ့ထိုးသတ်မှု ပြုလုပ် ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီ သတင်းဟာ
ရ၀မ်ဒါ နိုင်ငံမှာ ဟိုးလေးတကျော် ဖြစ်သွားခဲ့ပါတယ်။ မီယန်ဘီလီဟာ
အစ်ကိုဖြစ်သူရဲ့ဇနီးကို မယူမီ အတောအတွင်းမှာ သတ်ဖြတ်ခံလိုက်ရတာ ဖြစ်ပါတယ်။
ရ၀မ်ဒါနိုင်ငံမှာ လူဦးရေ (၃) ရာခိုင်နှုန်းဟာ HIV ရောဂါ ကူးစက်ခြင်းခံနေ
ရတယ်လို့ သိရပါတယ်။
by myawady
Wednesday, February 12, 2014
ခင်ပွန်းသည် AIDS ကူးမှာစိုးလို့ဟုဆိုကာ ဇနီးသည်က ခင်ပွန်းကို ဓားနဲ့ထိုးသတ်ခဲ့
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...