<div style='background-color: none transparent;'></div>

Sunday, February 9, 2014

အဝေးပြေးယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသည့် ခရီးသည်တစ်ဦး သေဆုံးနေ

၈.၂.၂၀၁၄ ရက်နေ့ ၀၅၃၀ အချိန် မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာ အဝေးပြေးဝင်းရဲကင်းမှတပ်ဖွဲ့ဝင်များသည် ပခုက္ကူ-ရန်ကုန်ပြေးဆွဲသော ယာဉ်လိုင်းပေါ်တွင် လူတစ်ဦးသေဆုံးနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ဦးကျော်စိုး(ဘ)ဦးမာ၊ပေါက်မြို့နယ်၊ မကွေးတိုင်းဒေသကြီးနေသူဖြစ်ပြီး ၎င်းမှာ မှောက်လျက်ဖြင့် ပြင်ပဒဏ်ရာ မရှိဘဲ သေဆုံးနေသည်ကို တွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ပခုက္ကူ-ရန်ကုန်ပြေးဆွဲသည့်ယာဉ်လိုင်းမှခရီးသည်တင် ယာဉ်သည် အောင်မင်္ဂလာအဝေးပြေးဝင်းရှိ ဂိတ်သို့ဆိုက်ရောက်ခဲ့စဉ် အခြားခရီးသည်များ ဆင်းသွားပြီးချိန်တွင် သေဆုံးသူမှာခုံပေါ်၌
မှောက်လျက်ရှိနေသဖြင့် နှိုးသည့်အခါမှ သေဆုံးနေသည်ကိုတွေ့ရှိရခြင်း
ဖြစ်ကြောင်း သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ မင်္ဂလာဒုံမြို့မရဲစခန်း သေမှုသေခင်း
အမှတ်စဉ် (၆/၂၀၁၄)ရေးဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

by myawady

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...