<div style='background-color: none transparent;'></div>

Thursday, March 20, 2014

ငလျင်ကြားဖြတ်သတင်း စက်ရုပ်ရေး

မတ်လ ၁၈ ရက် ငလျင်သတင်းတစ်ပုဒ်ကို ပထမဆုံး ဦးဦးဖျားဖျား ဖော်ပြနိုင်ခဲ့သော သတင်းဌာနမှာ လော့စ်အိန်ဂျလိစ် တိုင်းမ်သတင်းဌာနဖြစ်ပြီး၊ ထိုသတင်းကို စက်ရုပ်က ရေးသားခဲ့ခြင်းဖြစ်ကြောင်း မတ်လ ၁၉ ရက်က ဘီဘီစီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ငလျင်လှုပ်သောအခါများတွင် သတင်းတိုတစ်ပုဒ်ကို အလိုအလျောက်ထုတ်လုပ်ပေးမည့် ကွန်ပျူတာပရိုဂရမ် တစ်ခုကို စာနယ်ဇင်းသမားနှင့် ပရိုဂရမ်မာတစ်ဦးဖြစ်သူ ခန်ရှက်ဝန်စကီက ဖန်တီးခဲ့ခြင်း ဖြစ်သည်။
ထိုသတင်း အွန်လိုင်းပေါ်သို့ ရောက်ရှိလာရန် အချိန်သုံးမိနစ်ခန့်ယူခဲ့ရကြောင်း မစ္စတာရှက်ဝန်စကီက စလိတ် မဂ္ဂဇင်းကို ပြောပြခဲ့သည်။

“စက်ရုပ်သတင်းပညာ (Robo-journalism) အား ကမ္ဘာတစ်ဝန်းရှိ သတင်းခန်းများတွင် ပိုမို၍အသုံးပြုလာ ကြသည်။

လော့စ်အိန်ဂျလိစ်တိုင်းမ် သတင်းဌာနသည် အမေရိကန် ဘူမိဗေဒဆာဗေးကဲ့သို့သော ယုံကြည်စိတ်ချရ သည့် သတင်းရင်းမြစ်များထံမှ အချက်အလက်များရယူကာ သတင်းအချက်အလက်များအား၊ အသင့်ကြို တင်ရေးထားပြီးသား ပုံစံထဲတွင် ထည့်သွင်း၍ သတင်းများ အလိုအလျောက် ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ လော့စ်အိန်ဂျလိစ်တိုင်းမ် သတင်းဌာနသည် ထိုနည်းပညာမျိုးတွင် ရှေ့ဆောင်လမ်းပြသတင်းဌာန တစ်ခု လည်းဖြစ်သည်။

လော့စ်အိန်ဂျလိစ်တိုင်းမ် သတင်းဌာနသည် ငလျင်သတင်းအတွက်သာမက မြို့အတွင်း ရာဇ၀တ်မှုသတင်း များကိုလည်း အခြားကွန်ပျူတာပရိုဂရမ်ကို အသုံးပြု၍ သတင်းများ ထုတ်လုပ်လျက်ရှိပြီးမည်သည့်သတင်း က ပို၍အရေးကြီးကြောင်း လူသားအယ်ဒီတာက ဆုံးဖြတ်ကာ ဖော်ပြလေ့ရှိသည်။

အခြား သတင်းဌာနများသည်လည်း အခြားကဏ္ဍများတွင် ကွန်ပျူတာပရိုဂရမ်အသုံးပြုသတင်းထုတ်လုပ် ရေး နည်းလမ်းများကို စမ်းသပ်လျက်ရှိကြပြီး၊ အထူးသဖြင့် အားကစားကဏ္ဍတွင် စမ်းသပ်လျက်ရှိကြ သည်။

ထိုကဲ့သို့ အလိုအလျောက် ထုတ်လုပ်သော သတင်းများသည် လူသားစာနယ်ဇင်းသမားများ၏ နေရာကိုမူ အစားမထိုးနိုင်ကြောင်း မစ္စတာရှက်ဝန်စကီက ဆိုသည်။

“အဲဒါဟာ ဖြည့်စွက်အားဖြည့်မှုပါ”ဟု ၎င်းက မဂ္ဂဇင်းကို ပြောခဲ့သည်။

“အဲဒါဟာ လူတွေကို အချိန်ကုန် အများကြီး သက်သာစေပါတယ်။ ပြီးတော့ တချို့သတင်းအမျိုးအစားတွေ အတွက် တခြားဘယ်သူမဆို သတင်းရေးသားထုတ်လုပ်သလိုမျိုး ကွန်ပျူတာပရိုဂရမ်ကလည်း အများအား ဖြင့် လုပ်နိုင်ပါတယ်”ဟုလည်း ၎င်းက ဆိုသည်။

by BBC

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...