ဂျီအက်စ်အမ် မိုဘိုင်းဖုန်းများ ညသန်းခေါင်ယံအချိန်တွင် ဖုန်းလိုင်းပြတ်တောက်မှု ညစဉ်ဖြစ်နေသည်ဟု ဖုန်းသုံးစွဲသူများထံမှ သိရသည်။ ယင်းသို့ ဖြစ်ပေါ်နေခြင်းသည် ယခုလ တတိယအပတ်မှ စ၍ ဖြစ်ပေါ် နေခြင်းဖြစ်ပြီး ရန်ကုန်မြို့အပြင် အခြား နယ်မြို့များပါ ဖြစ်နေကြောင်း သိရသည်။
”အရင်ကဖြစ်လား မဖြစ်လားဆိုတာတော့
သတိမထားမိဘူး။ အခုရက်ပိုင်းမှ သတိထားမိတယ်။ ကမ္ဘာ့ဖလားကြည့်ဖို့
သူငယ်ချင်းကို ဖုန်းဆက်မှဖုန်း လိုင်းပျောက်နေတယ်။ မှတ်မှတ်ရရ
နှစ်ညဆက်တိုက် ညသန်းခေါင်ယံအချိန်မှာဖြစ်နေတာပါ” ဟုပုစွန်တောင်မြို့နယ်
မှဖုန်းသုံးစွဲသူ ကိုချစ်ကိုက ပြောသည်။ယင်းသို့ ဖြစ်မှုသည် မိနစ်အနည်း
ငယ်မျှဖြစ်သော်လည်း တစ်ခါတစ်ရံတွင် နာရီနှင့်ကြာသည်အထိ ဖြစ်နေကြောင်း
ကွမ်းခြံကုန်းမြို့နယ်မှ ဖုန်းသုံးစွဲသူ ကိုမင်းသူကလည်း ပြောသည်။
”အရေးကြီးလို့ အိမ်ကို ညဘက်ဖုန်းဆက်တာ တိုင်တောင်မပေါ်ဘူး”ဟု ၎င်းက ပြောသည်။
ဖုန်းလိုင်းပြတ်တောက်မှုတွင် ဂျီ
ဖုန်းအမျိုးအစားတစ်ခုသာဖြစ်ခဲ့ပြီးအခြား CDMA, MEC, WCDMA
ဖုန်းများမဖြစ်ကြောင်း၊ ဂျီဖုန်းတွင် ငါးသိန်း၊ နှစ်သိန်းနှင့် တစ်ထောင့်
ငါးရာတန်ဖုန်းများအားလုံး လိုင်းပြတ်ခဲ့ကြောင်း သုံးစွဲသူများ၏
ပြောပြချက်အရ သိရသည်။ည ”အင်တာနက်သုံးမလို့ လိုင်းဖွင့်တာ။ Network
မရှိဘူးဆိုတာပဲ ပြနေတယ်။ တစ်ညလည်းမဟုတ်ဘူး။
ညတိုင်းတစ်နာရီကျော်ရင်ဖြစ်နေပါတယ်” ဟု ကမာရွတ်မြို့နယ်
ပုဂ္ဂလိကဆေးရုံတစ်ရုံမှ ဖုန်းသုံးစွဲသူ မသီရိက ပြောသည်။
ယင်းသို့ ဖြစ်နေမှုများမှာ
သက်ဆိုင်ရာမြို့နယ်အတွင်းရှိ တာဝါတိုင်မှပါဝါသေခြင်း၊
ချို့ယွင်းချက်များဖြစ်ပေါ်ခြင်းအပြင် ဖုန်းဟန်းဆက်များ ချို့ယွင်း
မှုကြောင့် လည်း ဖြစ်နိုင်ကြောင်း၊ လတ်တလောအနေဖြင့်
ဖုန်းလိုင်းပြင်ဆင်နေခြင်းများကြောင့်လည်း အလားတူ
ဖြစ်ရပ်များရှိနိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းဌာ
နမှအရာရှိတစ်ဦးက သုံးသပ်ပြောကြားသည်။ ”ဖုန်းလိုင်းတွေ ကောင်းဖို့အတွက်
ဂျပန်နဲ့ ပူးပေါင်းပြီးလုပ်နေပါတယ်။ စက်ပစ္စည်းအစားထိုးလဲလှယ်တာမျိုးတော့
မဟုတ် ဘူး။ စစ်ဆေးမှုတွေ လုပ်နေပါတယ်”ဟု ၎င်းက ပြောသည်။
မိုဘိုင်းဖုန်းသုံးစွဲသူများမှာ တစ်ဦးနှင့်တစ်ဦး ဖုန်းပြောနေစဉ်မှာပင်
ဖုန်းလိုင်းပြုတ်ကျခြင်း၊ ခေါ်ဆို၍ မရခြင်း များ ဖြစ်ပေါ်နေပြီး
လက်ရှိအချိန်အထိ ယင်းပြဿနာကို ဖြေရှင်းနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
by popularmyanmar










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...