<div style='background-color: none transparent;'></div>

Wednesday, November 26, 2014

လိပ်ကျွန်း မြန်မာလုပ်သားနှစ်ဦးအမှု အယူခံပယ်ချခံရ

ရန်ကုန်- ဖမ်းဆီးခံ မြန်မာလုပ်သားနှစ်ဦး အာမခံရရှိရန် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာသံရုံးအထူးအဖွဲ့သည်
ယနေ့နံနက်က ကော့စမွီခရိုင်တရားရုံးသို့ သွားရောက်၍ အယူခံစာတင်သွင်းရာ ခရိုင်တရားသူကြီးက အယူခံမပေးဘဲ
ပယ်ချလိုက်ကြောင်း မြန်မာသံရုံးအထူးအဖွဲ့မှ ဦးထူးချစ်က 7Day အား ပြောကြားသည်။

ကော့စမွီခရိုင်တရားသူကြီးက မြန်မာလုပ်သားနှစ်ဦး၏ အမှုသည် အမှုကြီးတစ်ခုဖြစ်ပြီး နိုင်ငံခြားသားများဖြစ်သောကြောင့်
အာမခံမပေးနိုင်ခြင်းဖြစ်သည်ဟု ပြောဆိုလိုက်ကြောင်း ဦးထူးချစ်က ပြောသည်။

လိပ်ကျွန်းလူသတ်မှုနှင့်ပတ်သက်၍ ဖမ်းဆီးခံထားရသော ဇော်လင်းနှင့် ၀င်းဇော်ထွန်းတို့ကို ကော့စမွီခရိုင်
တရားရုံး၌ ရမန်လေးကြိမ်မြောက် နောက်ဆုံးရုံးချိန်းကို နိုဝင်ဘာ ၂၀ ရက်က စစ်ဆေးခဲ့ပြီး ကော့စမွီခရိုင် တရားသူကြီးက
ရမန်တစ်ကြိမ်ထပ်ယူ၍ တစ်ဦးလျှင် ထိုင်းဘတ်ငွေ ငါးသိန်းစီဖြင့် အာမခံတင်သွင်းခွင့် ပေးထားသည်။


by 7daynews

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...