<div style='background-color: none transparent;'></div>

Thursday, November 27, 2014

ဆောင်းရာသီအတွက် အသားအရေထိန်းသိမ်းနည်း

ကျွန်မတို့ အသားအရေဟာ ပူပြင်းခြောက်သွေ့တဲ့ နွေရာသီနှင့် ပူအိုက်စွတ်စိုတဲ့ မိုးရာသီတွေကို အံတု လို့လာလိုက်ကြတာ ယခုလိုနေ့ပူလို့ညချမ်းတဲ့ ဆောင်းရာသီအရောက်မှာတော့ အသားအရေတွေ ခြောက်သွေ့လာပါတယ်။ တချို့်ကတော့ ခြောက်သွေ့ရုံမက အသားတွေယားယံပြီး ပပ်ကြားအက် လာတတ်ကြပါတယ်။ ဒါဆိုရင်ဖြင့် ဒီတစ်နှစ်မှာတော့ အောက်ပါရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းရှစ်သွယ် ဖြင့် ဆောင်းရာသီကိုကျော်ဖြတ်ရင်း အသားအရေထိန်းသိမ်းကြည့်လိုက်ကြရအောင်။
(၁) ဗီတာမင်အီးပါဝင်မှု ပမာဏများတဲ့ မျက်နှာသစ်ဆပ်ပြာလေးတွေကို ဦးစားပေးရွေးချယ်ဝယ် သင့်ပါတယ်။ သူကအသားအရေကို သန့်စင်ပေးရုံသာမက၊ အာဟာရလည်းဖြစ်စေလို့ပါပဲ။ နောက်ပြီး ရက်သတ္တတစ်ပတ်ကို တစ်ကြိမ်လောက်နွားနို့ (အစိမ်း) နဲ့ မျက်နှာသစ်ပေးလိုက်ပါ။ နွားနို့ကအသားအ ရေကို ဖြူစင်ဝင်းမွတ်ရုံသာမက၊ အစိုဓာတ်ကိုပါ ထိန်းပေးနိုင်တာကြောင့် ဆောင်းရာသီမှာ အသား အရေခြောက်သွေ့ကြမ်းတမ်းနေမှာကို စိတ်မပူရတော့ပါဘူး။
(၂) ဆောင်းရာသီရဲ့ နေပူဒဏ်က နွေနေလိုပူပြင်းခြောက်သွေ့တာမို့၊ နေ့ဖက်အပြင်များများ ထွက် ရသူတွေအဖို့ ခရမ်းလွန်ရောင်ခြည်ရဲ့ဒဏ်ကို ခံစားရစမြဲဖြစ်ပါတယ်။ နေလောင်ဒဏ်ကိုကာကွယ်နိုင် ရန်နှင့် အသားအရေကို အာဟာရပြုပြီး အစိုဓာတ်ထိန်းသိမ်းနိုင်စေဖို့အတွက် SPF များများပါတဲ့ မျက် နှာအောက်ခံ ကရင်မ်တွေကို ရွေးဝယ်တတ်ဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် ကရင်မ်နှင့် မိတ်ကပ် ဘူးခွံတွေပေါ်မှာ Whiter Cream, Winter Makeup စာသားပါတာကို ရှာဝယ်နိုင်ရင်တော့ အကောင်း ဆုံးရွေးချယ်မှုဖြစ်ပါတယ်။
(၃) သိသိသာသာ အသားပပ်သူများအဖို့ Moisturizer ပါတဲ့ ပေါင်ဒါ (သို့မဟုတ်) ကရင်မ်ပတ်ဖ် လေးတွေရွေးလိမ်းပေးသင့်ပါတယ်။ သူကမျက်နှာအစိုဓာတ်ကို ထိန်းသိမ်းပေးတာကြောင့် ဆောင်းရာ သီမှာအသားခြောက်တာတွေ၊ မလိုလားအပ်တဲ့ အသားအရေတင်းရင်းတာတွေကို လျော့ပါးသက်သာ စေပါတယ်။ ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်အချို့က Moistuizer နဲ့ဓာတ်မတည့်ကြပြန်ပါဘူး။ အဲဒီအခါ ညအိပ်ရာဝင်ခါနီးတိုင်း ရှားစောင်းလက်ပပ် (ဂျယ်လီ) လေးလိမ်းပေးပြီး ၁၅ မိနစ်ခန့်အကြာ မှာ မျက်နှာကို ရေအေးအေး (ရေခဲရေမဟုတ်ပါ) နဲ့ သန့်စင်ပြီးမှ အိပ်ရာဝင်ကြပါ။
(၄) ခန္ဓာကိုယ်တွင်း အပူဓာတ်များတဲ့ သူများဟာဆောင်းရာသီရောက်တိုင်း နှုတ်ခမ်းအသား ပပ် လေ့ရှိကြပြီး၊ အချို့ကတော့ ပြင်းပြင်းထန်ထန် နှုတ်ခမ်းအသားကွဲအဖတ်လန်ကာ သွေးထွက်လာပါ တယ်။ ဟင်းရည်၊ ရေနွေး၊ ကော်ဖီ၊ လက်ဖက်ရည်စတဲ့ ပူပူတွေကိုခွက်ပူပူမှာ နှုတ်ခမ်းတေ့၍ သောက် ခြင်းမပြုပါနှင့်။ အဲဒီလိုနှုတ်ခမ်းအသားပပ်နေချိန်မှာ ခဲဓာတ်ပါဝင်မှုများတဲ့ နှုတ်ခမ်းဆိုးဆေး အရောင် ရင့်ရင့်တွေကို မသုံးဘဲ၊ အဆီပါဝင်မှုများတဲ့ နှုတ်ခမ်းဆိုးဆေးမျိုးကိုသာ ရွေးချယ်ပါ။
(၅) ဆောင်းနံနက်တွေမှာ ဘယ်လောက်ပဲချမ်းနေပါစေ ရုံးနောက်မကျစေဖို့ နံနက်အိပ်ရာထ ရေချိုးကြရတဲ့အခါ၊ သွေးပူလေ့ကျင့်ခန်းလေးလုပ်ပြီးမှ ရေချိုးတော့သိပ်မချမ်းတော့ဘူးပေါ့။ လူအများစု ကဆောင်းရာသီရောက်မှသာ ရေနွေးနဲ့ ရေချိုးကြတာကြောင့် ရေနွေးသုံးလေ့မရှိသူများအဖို့ သိသိသာ သာအသားအရေခြောက်သွေ့ ပပ်ကြားတွေအက်လာပြီး အသားယာလာပါတော့တယ်။ ဖြစ်နိုင်ရင်ရေ နွေးနဲ့ (လုံးဝ) ရေမချိုးကြပါနဲ့။ အကယ်၍ရေနွေးသုံးချင်ရင် မိမိအသားအရေ ခံနိုင်ရုံလောက်အပူကို သာသုံးပါ။ ရေနွေးအပူဓာတ်ကြောင့် အသားအရေမစိုပြည်တော့ဘဲ ညိုညစ်သွားတတ်ပါတယ်။
(၆) လူတော်တော်များများဟာ ဆောင်းရာသီရောက်တဲ့အခါတိုင်း ခြေသလုံးသားအရေပြားပေါ်မှာ ငါးအကြေးခွံသဏ္ဌာန်အသားပပ်လာပြီး၊ ယားယံတာကြောင့်လည်း အတင်းဖိကုပ်မိတတ်တာကြောင့် သွေးစို့လာပါတယ်။ အဲဒီပြဿနာအတွက် သကြားရည် (အလှဆီ)၊ သံလွင်ဆီ၊ အုန်းဆီတို့ကိုလိမ်းပေး ပါ။
(၇) ခန္ဓာကိုယ်တွင်း အပူဓာတ်ကိုလျှော့ချပေးနိုင်တဲ့ ဖရဲသီး၊ ဘယ်ရီသီး၊ စိမ်းစားဥ၊ သခွားသီး၊ ဘူးသီး၊ ဂေါ်ရခါးသီးတွေ စားပေးပါ။ ဗီတာမင်နဲ့ ပရိုတင်းဓာတ်တွေကြွယ်ဝတဲ့ ဗာဒံစေ့၊ သစ်ကျားသီး တွေစားပေးပါ။ မုန်ညင်းစိမ်းလိုမျိုး အစိမ်းရောင် လတ်လတ်ဆတ်ဆတ် ဟင်းသီးဟင်းရွက်တွေ စား ပေးပါ။ ချမ်းအေးတဲ့ဆောင်းရာသီရောက်ရင် လူ ၁၀ ဦးမှာရှစ်ဦးခန့် ဝမ်းချုပ်တတ်တာကြောင့် “နံနက် သင်္ဘော၊ ညငှက်ပျော” ဆိုတဲ့ဆောင်ပုဒ်အတိုင်း အိပ်ရာထသင်္ဘောသီးမှည့်မှည့်၊ အိပ်ရာဝင်ခါနီး ဖီး ကြမ်းငှက်ပျောသီး မှည့်မှည့်လေးတွေ စားပေးသင့်ပါတယ်။ (အထူးသဖြင့် ကောက်ညှင်းပေါင်းနှင့် ကောက်ညှင်းဖြင့်ပြုလုပ်ထားတဲ့ အစားအစာတွေကို ဆောင်းတွင်းကာလမှာ ရှောင်ရှားသင့်ပါတယ်။)
(၈) ဆောင်းရာသီက ချမ်းအေးပေမယ့်၊ ရေလျှော့မသောက်ကြဘဲ နွေပူပူရင်ပူပူမှာ ရေသောက်သ ကဲ့သို့ ရေများများသောက်ပေးဖို့ လိုအပ်ပါတယ်။ ဒါမှသာအသားအရေအတွက် အစိုဓာတ်ထိန်းသိမ်း ရာရောက်ပြီး အသားပပ်ခြင်း၊ အသားခြောက်သွေ့ယားယံခြင်း၊ နှုတ်ခမ်းသား အဖတ်လန်ခြင်း၊ ကျီး ကန်းပါးစပ်ဖြစ်ခြင်း၊ ခံတွင်းခြောက်လည်ချောင်းနာခြင်းနှင့် ခံတွင်းရနံ့ဆိုးခြင်းတွေ ဖြစ်မလာစေတော့ပါ ဘူး။ ဒါတင်မကသေးပါဘူး။ ခန္ဓာကိုယ်တွင်းအူ၊ ကလီစာတွေ အလုပ်ကောင်းကောင်းလုပ်တော့ ဓာတ် ကြီးလေးပါးမှန်ပြီး ဝက်ခြံတွေထွက်လာမှာကို အစိုးရိမ်ရတော့ပါဘူး။
အလှအပမြတ်နိုးသူတိုင်း လှသထက်ပို၍ လှနိုင်ကြပါစေ။

by ကြေးမုံသတင်းစာ

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...