<div style='background-color: none transparent;'></div>

Wednesday, November 19, 2014

ပဲခူးတွင်ဆရာဝန်ကြီးတစ်ဦးမိသားစုနှင့်အိမ်ပြန်စဉ် ၀ိုင်းဝန်းထိုးကြိတ်ခံရ

ပဲခူးမြို့၊အမှတ်(၃)နယ်မြေရဲစခန်းအပိုင်တွင် (၁၇.၁၁.၂၀၁၄)နေ့ ည(၈း၃၀)အချိန်ခန့်က ဆရာဝန်ကြီးတစ်ဦးမိသားစုနှင့်အိမ်ပြန်စဉ်
ဝိုင်းဝန်းထိုးကြိတ်မှုတစ်ခုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ရန်ကုန်-မန္တလေးကားလမ်းနှင့် ခိုင်သစ္စာလမ်းထောင့်၊အမှတ်(၂)ရပ်ကွက်၊ ဥသာမြို.သစ်တွင်မောင်းနှင်လာသူ ယာဉ်မောင်း ဒေါက်တာစန်းလွင်ကားအား
ဆိုင်ကယ်မောင်းနှင်လာသူ ဆိုင်ကယ်ဖြင့်နောက်မှ ၀င်တိုက်မိရာမှ ဆိုင်ကယ်မောင်းသူ နေလင်းသန့်၊မြင့်ဇော် ၄င်းတို့နှင့်အတူ နောက်မှဆိုင်ကယ်တစ်စီးဖြင့်ရောက်ရှိလာသော စိုင်းအောင်(ခ)အရှည်ကြီး၊
တို့သည် ဆိုင်ကယ်မှဆင်းပြီး ဒေါက်တာစန်းလွင်အား ယာဉ်ယာဘက်ရှေ့မှန်တံခါးမှ ဆဲဆိုကာ လက်သီးဖြင့်ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြသဖြင့် ဒေါက်တာစန်းလွင်တွင်ယာမေးရိုးဖူးရောင်ဒဏ်ရာ၊အပေါ်နှုတ်ခမ်းကွဲ၊ရှေ့အပေါ်သွားတစ်ချောင်းပဲ့၊ယာမျက်လုံးဖူးရောင်ဒဏ်ရာ
များဖြင့်ပဲခူးဆေးရုံတွင်အတွင်းလူနာ ()ဖြင့်ဆေးကုသမှုခံယူလျှက်ရှိပြီးလူအားနာကျင်ဒဏ်ရာရ
ရှိအောင်ဝိုင်းဝန်းထိုးကြိတ်ဆဲဆိုကြသူ နေလင်းသန့်ပါ(၅)ဦးတို့အားဥပဒေအရအရေးယူပေးပါ
ရန်တိုင်တန်သဖြင့် အမှတ်(၃)နယ်မြေရဲစခန်းမှ (ပ)၄၄၆/၂၀၁၄ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ၄၄၀/၃၂၅/၁၁၄ အရအမှုဖွင့်အရေး ယူထားကြောင်းသတင်းရရှိသည်။
သန့် ဇင်
အေးသန္တာဝင်း ပို့  ပေးသည်။
by myanmarlatestnews

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...