<div style='background-color: none transparent;'></div>

Thursday, December 11, 2014

ဆောက်လက်စတိုက်(၄)လွှာတွင် အိပ်ပျော်နေစဉ် ပြုတ်ကျခဲ့သဖြင့် လူတစ်ဦးသေဆုံး

ဆောက်လက်စတိုက် တလုံးအားတွေ့ ရစဉ်
ရန်ကုန်၊ ဒီဇင်ဘာ ၁၁

၁၀.၁၂.၂၀၁၄ ရက်နေ့ ၂၃၃၀ အချိန် ကမာရွတ်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ကမာရွတ်မြို့နယ်၊ စပယ်(၁)လမ်းရှိ ဆောက်လက်စ တိုက်(၄)လွှာမှ အမျိုးသား တစ်ဦး ပြုတ်ကျသေဆုံး သွားကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ပါသည်။

ထိုသို့သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ အဆိုပါ တိုက်တွင် လက်သမား အလုပ်လုပ်ကိုင်သူ ရွှေပြည်သာမြို့နယ်နေ ကိုငြိမ်းပြည့်စုံ(ခ)ဟိန်းပြည့်စုံ၊ (၂၀)နှစ်ဖြစ်ကြောင်း၊ ၎င်းသည် အဆိုပါတိုက်၏ ၄လွှာတွင် အိပ်နေရာမှပြုတ်ကျ ခဲ့သဖြင့် ဦးခေါင်း နောက်စေ့စုတ်ပြဲ၊ ယာနားသွေးထွက်၊ ၀ဲနံဘေးပွန်းပဲ့ ဒဏ်ရာများ ရရှိကာ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့် ပတ်သက်၍ ကမာရွတ်မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၁၄/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စုံစမ်းစစ်ဆေး လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...