<div style='background-color: none transparent;'></div>

Saturday, December 13, 2014

ပြင်သစ်စစ်ဘက်သုံး လေ့ကျင့်ရေး ဂျက်လေယာဉ် တစ်စင်း ဂေဟာတစ်ခုပေါ်သို့ ပျက်ကျ


ပြင်သစ် စစ်ဘက်သုံး လေ့ကျင့်ရေး ဂျက်လေယာဉ် တစ်စင်းသည် ဒီဇင်ဘာ ၁၁ ရက်ညတွင် လေ့ကျင့်ပျံသန်း နေစဉ် အတွင်း မသန်စွမ်း ပြုစု စောင့်ရှောက်ရေး ဂေဟာ တစ်ခုပေါ်သို့ ပျက်ကျ သွားခဲ့ရာ တစ်ဦး သေဆုံးပြီး ငါးဦးဒဏ်ရာ ရရှိခဲ့ကြောင်း အာဏာပိုင် များက ပြောကြားသည်။

အဆိုပါ လေယာဉ် ပျက်ကျမှု သည် နိုင်ငံ အလယ်ပိုင်း ဗူးဗရေးဒေသ လွိုင်ရီ တောင်ကြားရှိ တူးမြို့ အနီးတွင် ဒီဇင်ဘာ ၁၁ ရက် ညက ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အဆိုပါ လေယာဉ်သည် ညပိုင်း ပျံသန်းမှု လေ့ကျင့်ခြင်း လုပ်ဆောင် နေစဉ်အတွင်း ပျက်ကျ သွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

လေယာဉ် ပျက်ကျသွား ခဲ့သော်လည်း လေယာဉ်မှူး နှင့် သင်တန်းသား လေယာဉ်မှူး တို့မှာ လေယာဉ် မပျက်ကျမီ လေထီးဖြင့် ခုန်ချ နိုင်ခဲ့ခြင်းကြောင့် အသက် အန္တရာယ် မရှိကြောင်း၊ သေဆုံးခဲ့ သူမှာမူ လေယာဉ် ပျက်ကျခဲ့သည့် ဂေဟာ အတွင်း၌ နေထိုင်သူ အသက် ၆၃ နှစ်အရွယ် အမျိုးသား တစ်ဦး ဖြစ်ကြောင်း၊ ဒဏ်ရာရရှိသူ ငါးဦးအနက် တစ်ဦးမှာ စိုးရိမ်ရသည့် အခြေအနေ တွင်ရှိကြောင်း၊ လေယာဉ် ပျက်ကျမှုနှင့် ပတ်သက်၍ တာဝန်ရှိ သူများ အနေဖြင့် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း လေ့ကျင့်ရေး လေယာဉ် စတင် ပျံသန်းခဲ့သည့် လေတပ် အခြေစိုက် စခန်းမှ ဗိုလ်မှူးကြီး ဆိုင်ရီလ် ဒူဗီဗီရာ က ပြောကြားသည်။

by ‎PyiChitThar‬

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...