ကျိုက်ထီးရိုးတောင်ခြေ ကင်မွန်းစခန်းအနီးတွင် ကမ္ဘာ လှည့်ခရီးသွား ပီရူးနိုင်ငံသူ တစ်ဦး အဓမ္မပြုကျင့်ခံခဲ့ရသော ကြောင့် ကျူးလွန်သူကိုဖမ်းဆီးစစ်ဆေးနေကြောင်း ဒေသခံ ရဲ တပ်ဖွဲ့မှ သတင်းရရှိသည်။
ဒီဇင်ဘာ ၂၀ ရက် နံနက်က ကင်မွန်းစခန်းအနီးတွင်ရှိသည့် ကင်မွန်းချောင်းဘေးတစ်နေရာ ၌ အသက် (၂၂) နှစ်အရွယ် အမျိုးသားတစ်ဦးက ပီရူးနိုင်ငံသူကို အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ကင်မွန်းချောင်းရဲစခန်း မှ ရဲအရာရှိတစ်ဦးကပြောသည်။
‘‘နိုင်ငံခြားသူက ဓာတ်ပုံလိုက်ရိုက်ရင်း လူတွေနဲ့ ဝေးတဲ့ နေရာ ရောက်သွားတာဗျ။ အဲဒီမှာ ကျပန်းအလုပ်သမားတစ် ယောက်က ကျူးလွန်တာ။ ကာယကံရှင်ကိုယ်တိုင် အမှုလာဖွင့်တာပါ။ နေ့ချင်းပဲ ဖမ်းမိပါတယ်’’ ဟု အဆိုပါ ရဲအရာရှိကပြောသည်။ အမှုနှင့် ပတ်သက်၍ မှုခင်းဆရာဝန်ထံတွင် သွေးစစ်ချက်တောင်းခံထားပြီး စွပ်စွဲဖမ်းဆီးခံရသည့် အမျိုးသားကို ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ထားသည်။
နိုင်ငံခြားသူ အဓမ္မကျူးလွန် ခံရခြင်းမှာ မြန်မာနိုင်ငံတွင် ဖြစ်တောင့်ဖြစ်ခဲအမှုဖြစ်ပြီး ပြီးခဲ့သည့်နှစ် အနည်းငယ်အတွင်း ပုဂံတွင် ဂျပန်နိုင်ငံသူတစ်ဦး အဓမ္မပြုကျင့် အသတ်ခံရသည့် အမှု နောက်ဆုံးဖြစ်ပွားခဲ့ကာ ဖြစ်စဉ်တိုင်းတွင် တစ်ဦးတည်း လည်ပတ်သူများဖြစ်နေကြောင်း နေပြည်တော် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့ ရဲအရာရှိတစ်ဦးက သုံးသပ်သည်။
Nature Dream ခရီးသွားလုပ်ငန်း မန်နေဂျင်းဒါရိုက်တာ ဒေါ်စံပယ်အောင်က ကျိုက်ထီးရိုးကဲ့သို့ ကမ္ဘာလှည့်ခရီးသွားများ အလည်အပတ်များသောနေရာ၌ တစ်ဦးတည်းလာသော Single Traveller များအတွက် ဟိုတယ် ခရီးဝန်ကြီးဌာနနှင့် ဟိုတယ်လုပ်ငန်းရှင်များအသင်းက ပညာပေး အစီအစဉ်များ ရှိသင့်ကြောင်း အကြံပြုသည်။
by 7daydaily










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...