<div style='background-color: none transparent;'></div>

Wednesday, December 31, 2014

အဲအေးရှ လေယာဉ် ရှာဖွေမှုတွင် အလောင်းသုံးလောင်းသာ တွေ့ရှိထားသည်ဟု အင်ဒိုကယ်ဆယ်ရေး အေဂျင်စီပြော

ဂျာဗား ပင်လယ်ပြင်တွင် ပျောက်ဆုံး အဲအေးရှ လေယာဉ်ရှာ ဖွေမှုတွင် ယခု အချိန်ထိ လူသေအလောင်း သုံးလောင်းသာ တွေ့ရှိထားသည်ဟု အင်ဒိုနီးရှား အမျိုးသား ရှာဖွေ ကယ်ဆယ်ရေး အေဂျင်စီ အကြီးအကဲ ကပြောသည်။ အစောပိုင်းက အခြားသော တာဝန်ရှိသူတစ်ဦးက အလောင်း ၄၀ ကို တွေ့ရှိခဲ့သည်ဟု ပြောကြားထားခဲ့သည်။
“ ခုချိန်ထိ အလောင်း သုံးလောင်းကို ကျွန်တော်တို့ ဆယ်ယူထားပြီးပါပြီ၊ အလောင်းတွေက အခု စစ်သင်္ဘော ဘန်တိုမို ပေါ်မှာ ရှိပါတယ်” ဟု အေဂျင်စီ အကြီးအကဲ ဘန်ဘန်း ဆိုလစ်ယို က ဂျာကာတာတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ပြောကြားသည်။ ရှာဖွေ တွေ့ရှိထားသည့် အလောင်းများသည် အမျိုးသမီး အလောင်း နှစ်လောင်းနှင့် အမျိုးသား အလောင်းနှစ်လောင်းဖြစ်သည်ဟု ပြောသည်။
အစောပိုင်းက ရေတပ်ရေဒီယိုမှတဆင့် အင်ဒိုရေတပ်သင်္ဘောတစ်စီးက ပင်လယ်ပြင်မှ အလောင်း ၄၀ ကို ဆယ်ယူထားသည်ဟု အင်ဒို ရေတပ်မှ ပြောရေးဆိုခွင့်ရှိသူ မာနာဟန်  စီမိုရန်ကီအာက ထုတ်ပြန်ပြောကြားထားခဲ့သည်။ သို့သော် ယင်းထုတ်ပြန်ချက်မှာ ၎င်း၏ ၀န်ထမ်း၏ နားလည်မှုလွဲမှားသွားခြင်းကြောင့် မှားယွင်းသွားခြင်းဖြစ်သည်ဟု နောက်ပိုင်းတွင်၎င်းက ပြန်လည် ပြောကြားသည်။
by mizzimaburmese

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...