သားဦးကိုယ်ဝန်ဆောင် ထားရသဖြင့် အနုပညာအလုပ် များရပ်နားထားသော သက်မွန် မြင့်က ၎င်း၏ ရင်သွေးလေးမှာ ယောက်ျားလေးဖြစ်ကြောင်း ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် ပရိသတ်များကို အသိပေးခဲ့သည်။
‘‘သားလေးမွေးစေချင်တဲ့ သူများပျော်လို့ရပါပြီ။ အဖေက တော့ ဒီလိုတွေပျော်၊ အမေက မိန်းကလေးလိုချင်တာဆိုတော့ အဟီး တနားချယာယေးနော်’’ဟု ရေးသားကာ ၎င်းတို့ ဇနီးမောင်နှံ နှစ်ယောက်၏ ပုံကိုတင်ထားခြင်း ဖြစ်သည်။
အိမ်ထောင်ပြုတော့မည့် ကိစ္စအပါအ၀င် ၎င်း၏ ထူးခြား သော ကိစ္စများနှင့် ခံစားချက်များ ကို ကိုယ်ပိုင်ဖေ့စ်ဘွတ်ခ်စာမျက် နှာမှတစ်ဆင့် ပရိသတ်ကို ဦးစွာ အသိပေးလေ့ရှိသော သက်မွန် မြင့်က ဗိုက်ထဲမှ ကလေးလေးမှာ လည်း သားဦးလေးဖြစ်ကြောင်း ပရိသတ်ကို အသိပေးခဲ့သည်။
‘‘ဗိုက်ထဲက ကလေးလေးက Sweet December ကနေ စကန် တာ။ ခုဆိုခဏခဏပဲ ကန်တယ်။ အမေတွေက အဲဒီကြည်နူးစရာ ပီတိလေးတွေ ခံစားရတာပေါ့ နော်။ အဖေတွေကတော့ အချိန် တိုင်းမသိနိုင်ဘူး’’ဟူ၍လည်း ကိုယ်ဝန်နှင့် ပတ်သက်၍ ခံစားမှု များကို ဖေ့စ်ဘွတ်ခ်တွင် ရေးသားလေ့ရှိသည်။
by 7daydaily
by 7daydaily










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...