<div style='background-color: none transparent;'></div>

Saturday, December 20, 2014

တက္ကသိုလ်များတွင် ကျောင်းသားများက ဆရာကို အကဲဖြတ် စနစ် ကျင့်သုံးမည်

ရန်ကုန် (မဇ္ဈိမ)။ ။ တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများက ဆရာ၊ ဆရာမများကို အကဲဖြတ်အမှတ်ပေးသည့် စနစ်ကို တက္ကသိုလ်များတွင် ကျင့်သုံးတော့မည်ဟု ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်သူက မဇ္ဈိမကို ပြောသည်။
Yangon-University
(ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
အဆိုပါစနစ်ကို ရေးဆွဲလျက်ရှိသည့် အဆင့်မြင့် ပညာဥပဒေမူကြမ်းတွင် ထည့်သွင်းထားပြီး တက္ကသိုလ်များ အရည်အသွေး အကဲဖြတ်ရေး လုပ်ငန်းစဉ်များအရ တက္ကသိုလ်များဖွဲ့စည်းပုံ ပြောင်းလဲထားပြီး ကျောင်းသားများက တက္ကသိုလ် ဆရာ၊ ဆရာမများကို ပြန်လည် အကဲဖြတ်အမှတ်ပေးသည့် စနစ်ကို ကျင့်သုံးသွားမည်ဖြစ်ကြောင်း သိရသည်။
ဒေါက်တာ အောင်သူက “ဖွဲ့စည်းပုံအရ ပါချုပ်ကနေ သရုပ်ပြရာထူးအထိ ဆက်လက်ခန့်ထားမှု ရှိ၊ မရှိကို အချိန်ပိုင်းစနစ်နဲ့ ပြောင်းလဲကျင့် သုံးမှာ ဖြစ်တဲ့အတွက် ဒီအကဲဖြတ်စနစ်ကို ကျင့်သုံးခြင်း ဖြစ်ပါတယ်။ ရလဒ်တွေကို ပါချုပ်ကနေ သရုပ်ပြရာထူးအထိ ရာထူးအတိုး အလျှော့လို ကိစ္စရပ်တွေမှာ ထည့်သွင်းစဉ်းစားမှာ ဖြစ်ပါတယ်။ ဒီအကဲဖြတ်စနစ်အရ အရင်ပုံစံအတိုင်း ရာထူးအလွယ်တကူ မတိုးတော့ဘဲ ဆရာများအားလုံး ရဲ့ အရည်အသွေး အမှန်ကို သိရှိနိုင်မှာ ဖြစ်ပါတယ်။ ဆရာတစ်ယောက်ရဲ့ အရည်အသွေးကို ကျောင်းသားက အကဲဖြတ် ပေးတဲ့စနစ် ဖြစ်ပါတယ်” ဟု ပြောသည်။
ကျောင်းသူ၊ ကျောင်းသားများသည် ဆရာ၊ ဆရာမများ၏ အရည်အသွေးအကဲ ဖြတ်ရာတွင် ပညာသင်နှစ် တစ်နှစ်ပြီးဆုံးသည့်အခါ အဆိုပါအမှတ်ပေးစနစ်ဖြင့် ဆရာများ၏ သင်ကြားမှုစွမ်းရည်နှင့် ဗဟုသုတေသန စွမ်းရည်ကို အကဲဖြတ်မှုလုပ် ဆောင်မည်ဖြစ်သည်။ ယင်းသို့ ဆောင်ရွက်ပြီး နောက် သက်ဆိုင်ရာ တက္ကသိုလ်များ အလိုက်အရည်အသွေးအကဲဖြတ်ရေးအဖွဲ့များ ဖွဲ့စည်းကာ ၎င်းရလဒ်များကို ကျောင်းသား များကိုယ်စား ထိန်းသိမ်းဆောင်ရွက် ပေးမည်ဖြစ်သည်။
အဆိုပါ အကဲဖြတ်မှု ရလဒ်များကို ဆရာ၊ ဆရာမများ တက္ကသိုလ် ပြောင်းလဲ လျှောက်ထားရာတွင် ထည့်သွင်းစဉ်းစားမည် ဖြစ်သည်။
အပြည်ပြည်ဆိုင်ရာ ပညာရေးအကြံပေး ပညာရှင်၊ မြန်မာနိုင်ငံဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေး လုပ်ငန်းအဖွဲ့ CESR ဥက္ကဋ္ဌ ဒေါက်တာ မြင့်သိန်းက “တက္ကသိုလ်များရဲ့ စီမံခွင့်ပေး ထားချက်အရ ဆရာအရည်အသွေးနဲ့ အဲ့ဒီ တက္ကသိုလ်များရဲ့ အရည်အသွေးက ပေါ်လွင်လာပြီးအဲ့ဒီ တက္ကသိုလ်တွေဟာ နာမည်ကြီးလာမယ်။ အကဲဖြတ်ရေးစနစ်က ဖွံ့ဖြိုးပြီးတဲ့နိုင်ငံတွေမှာ ကျင့်သုံးနေကြတဲ့ ပုံစံတွေကို သေချာလေ့လာပြီး ဆောင်ရွက်သင့်ပါတယ်” ဟု ပြောသည်။
အဆင့်မြင့်ပညာ ဥပဒေမူကြမ်းပါ တက္ကသိုလ်များ ဖွဲ့စည်းပုံအသစ်အရ အထက် မြန်မာပြည်၊ အောက်မြန်မာပြည် ဦးစီးဌာနဟူ၍ ဌာနများရှိတော့မည် မဟုတ်ပေ။ တက္ကသိုလ်အသီးသီးတွင် မိမိတက္ကသိုလ်၏လိုအပ် ချက်နှင့်အညီသင်ကြားရေး မဟာဌာနများကို ဖွဲ့စည်းနိုင်ခြင်း လိုအပ်ချက် နှင့်အညီ ဆရာ၊ ဆရာမများလို အပ်သလို ခန့်ထားခွင့်ပြုခြင်းတို့ ပါဝင်မည်ဖြစ်သည်။ ထို့ပြင် ပါမောက္ခချုပ်များ၊ ဒုတိယပါ မောက္ခချုပ်၊ ကထိ က၊ လက်ထောက်က ထိကနှင့် သရုပ်ပြ၊ နည်းပြဆရာ၊ ဆရာမများ ခန့်ထားရေးကို အချိန်ပိုင်း စနစ်ဖြင့် ပြောင်းလဲကျင့်သုံးရေး အချက်များပါ ပါဝင်မည် ဖြစ်သည်။
ကျောင်းသား သမဂ္ဂများအဖွဲ့ဝင် ကွန်ပျူတာတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုရဲဇာနည်ထွန်းက “ဆရာတွေကို အကဲဖြတ်ပေးတာကို တကယ်ကော လိုက်နာကျင့်သုံးမှာလား မေးစရာရှိပါတယ်။ ပညာရေး လွတ်လပ်ခွင့်ကို ဘယ်အတိုင်းအတာထိ ပေးမလဲဆိုတဲ့ အပေါ်မူတည်ပြီး အကျိုးသက်ရောက်မှာ ဖြစ်ပါတယ် ” ဟု ပြောသည်။
ပညာရေးဝန်ကြီးဌာနလက်အောက်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ် ၆၁ ခု၊ သိပံ္ပနှင့် နည်းပညာဝန်ကြီး ဌာနတွင် တက္ကသိုလ်၊ ဒီဂရီကောလိပ် ၁၅ ခု၊ ၀န်ကြီးဌာန ၁၀ ခုမှ တက္ကသိုလ်နှင့် ကောလိပ်များအပါအ၀င် အဆင့်မြင့်ပညာကဏ္ဍတွင် တက္ကသိုလ်၊ ဒီဂရီကောလိပ် ၁၆၉ ခုရှိသည်။
by mizzima

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...