သတင်း၊ ကိုတိုးကြီး
တမူး၊ ဇန္န၀ါရီ ၈
မြန်မာ - အိန္ဒိယ နှစ်နိုင်ငံ၏ နယ်စပ်မြို့တစ်ဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ နန်းဖာလုံးဈေးအတွင်းရှိ စားသောက်ဆိုင်တစ်ခုအတွင်း၌ မြို့နယ် လက်ထောက် လ၀ကမှူးတစ်ဦးနှင့် မေရိကန်နိုင်ငံမှ လာရောက်လည် ပတ်သည့် ဧည့်နိုင်ငံသားတစ်ဦးတို့မှာ ဇန္န၀ါရီ ၆ ရက်မနက် ၁၀ နာရီအချိန်က ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။
အဆိုပါ ဧည့်နိုင်ငံခြားသားမှာ ခိုက်ရန်ဖြစ်ပွားခဲ့ရာမှ ၀ဲဘက်မျက်ခုံးစောင်းနေရာတွင် ထိခိုက်ပွန်းပဲ့ဒဏ်ရာများရ ရှိခဲ့သည်။ ထို့ကြောင့် တမူးမြို့ အလောင်းဘုရားလမ်းရှိ Grace Hospital အမည်ရှိ ပြင်ပ အထူးကုဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ရကြောင်း တမူးမြို့ခံ ပြည်သူအချို့က အတည်ပြုပြောကြားသည်။
ဧည့်နိုင်ငံသားနှင့်ပတ်သက်၍ ခိုက်ရန်ဖြစ်ပွားခဲ့ရသည့် အကြောင်းအရင်းမှာ အဆိုပါ ဧည့်နိုင်ငံသားဖြစ်သူ Mr – Lee Kevin Dale ဆိုသူသည် နိုင်ငံကူးလက်မှတ် အမှတ် (521544425)အားကိုင်ဆောင်၍ ပြည်ဝင်ခွင့် အမှတ် (19600/ 2014 ) အရ မြန်မာနိုင်ငံအတွင်းသို့ ၁၇.၁၂.၂၀၁၄ ရက်နေ့မှ ၁၄.၁. ၂၀၁၅ ရက်နေ့အထိ တရားဝင် လာရောက်လည်ပတ်ခွင့်ရရှိထားသူဖြစ်သည်။
၎င်းဧည့်နိုင်ငံသားသည် ဇန္န၀ါရီ ၄ ရက်နေ့က ကလေးမြို့မှ တမူးမြို့သို့ ၎င်း၏ကိုယ်ပိုင် စက်စီးဖြင့် စီးနင်းကာ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ထို့နောက် တမူးမြို့၊ အမှတ်(၁၀) ဈေးတန်းရပ်ကွက်ရှိ ရွှေဥက္ကာ တည်းခိုခန်းတွင် တည်းခိုနေထိုင်ခဲ့သည်။ ထိုသူသည် ဇန္န၀ါရီ ၆ ရက်မနက် ၁၀ နာရီအချိန်က မြန်မာ - အိန္ဒိယ အမှတ်(၂) နယ် စပ်ဖြတ်ကျော်ဂိတ်မှ တဆင့် အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်၊ ချင်းဒယ်ခရိုင်၊ မိုးရေးမြို့သို့ သွားရောက်ရန် ပြုလုပ် နေစဉ် ၎င်းနယ်စပ်ဂိတ်၌ တာဝန်ထမ်းဆောင်လျက်ရှိသော မြို့နယ် လ၀က ဒုဦးစီးမှူး ဦးသန်းထွန်းလေးနှင့်အဖွဲ့ မှ နိုင်ငံကူးလက်မှတ်များအား စစ်ဆေးဆောင်ရွက်ရာတွင် တဖက်နိုင်ငံသို့ ကူးလူးသွားရောက်လည်ပတ်ခွင့် ပါ ၀င်ခြင်းမရှိသည့်အတွက် သွားရောက်ခြင်းမပြုလုပ်ရန် တားမြစ်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် အဆိုပါ မေရိကန်နိုင်ငံသား ခရီးသွားဧည့်သည် နန်းဖာလုံဈေးအတွင်းရှိ Blue Sky စားသောက်ဆိုင် ၌ ၀င်ရောက်စားသောက်နေခဲ့သည်။ ထိုအချိန်တွင် တမူးမြို့နယ် လ၀က ဦးစီးမှူး ဦးအောင်မျိုးဦးနှင့် နိုင်ငံ ခြားသားများ တရားမ၀င် ၀င်ရောက်မှုကာကွယ်ရေးအဖွဲ့(မကဖ ၂၁) အဖွဲ့မှ လ၀ကမှူးနှင့်အဖွဲ့က ၎င်းစား သောက်ဆိုင်အတွင်းသို့ရောက်ရှိလာခဲ့ပြီး တဖက်နိုင်ငံသို့ သွားရောက်လည်ပတ်ခြင်းမပြုလုပ်ရန် ဖြောင်းဖျပြော ဆိုနေမှုအား မှတ်တမ်းဓာတ်ပုံကို လ၀ကအဖွဲ့မှ ရိုက်ကူးခဲ့သည်။
ထိုသို့ ဓာတ်ပုံရိုက်ကူးသည်ကို ဧည့်နိုင်ငံသားမှ ကျေနပ်မရှိဖြစ်ကာ လ၀ကမှူး ဦးအောင်မျိုးဦးအား ဧည့်နိုင်ငံ သားက လက်သီးဖြင့် ထထိုးခဲ့သည်။ ထိုအချိန်တွင် လ၀ကမှူးမှ ခုခံကာကွယ်လိုက်ရာမှ ဧည့်နိုင်ငံသားမှာ ထိ ခိုက်ဒဏ်ရာများရရှိသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နိုင်ငံခြားသား ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ဧည့်ခရီးသွားများ ၀င်ထွက်သွားလာမှု အလွန်များပြားသောနေရာများတွင် နိုင်ငံခြားသား ဧည့်ခရီးသွားများအား ကူညီစောင့် ရှောက်ပေးကြရန် မြန်မာ - အင်္ဂလိပ် နှစ်ဘာသာဖြင့်ရေးသား၍ ဆိုင်းဘုတ်ကြီးများ စိုက်ထူပေးထားကြောင်း သိရှိရသည်။
by KoToeChinDween
Saturday, January 10, 2015
စားသောက်ဆိုင်အတွင်း လက်ထောက် လ၀ကမှူးနှင့် မေရိကန် ဧည့်နိုင်ငံသားတစ်ဦး ခိုက်ရန်ဖြစ်ပွား
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...