<div style='background-color: none transparent;'></div>

Friday, January 9, 2015

ဂုံးကျော်တံတားပေါ်က တက္ကစီတစ်စီး အရှိန်လွန်ပြုတ်ကျလို့ သုံးဦးဒဏ်ရာရ

တာမွေမြို့နယ်၊ မင်းရဲကျော်စွာ ရထားသံလမ်း ဂုံးကျော်တံတားပေါ်က အငှားယာဉ်တစ်စီး အရှိန်လွန်ပြုတ်ကျလို့ ယာဉ်မောင်း အပါအဝင် သုံးဦး ဒဏ်ရာရတယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

တာမွေမြို့နယ်၊ လေးထောင့်ကန်လမ်းအတိုင်း တာမွေဘက်ကနေ သင်္ဃန်းကျွန်းဘက်သို့ မောင်းနှင်လာတဲ့ 6D---- HONDA Fit အငှားယာဉ်ဟာ ဒီကနေ့ မွန်းလွဲ နှစ်နာရီကျော်မှာ ပြုတ်ကျခဲ့တာပါ။
အဲဒီလို ပြုတ်ကျခဲ့တာကြောင့် ယာဉ်မောင်းနဲ့ ယာဉ်ပေါ်လိုက်ပါလာတဲ့ ခရီးသည် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့လို့ သင်္ဃန်းကျွန်းစံပြဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
(ဓါတ်ပုံ - Yangon Police)


0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...