<div style='background-color: none transparent;'></div>

Saturday, April 16, 2016

မပြောင်းလဲသောအချစ်

မပြောင်းလဲသောအချစ်

ကောင်မလေးရေ.....
ငါမင်းကို သိပ်ချစ်တယ်ဆိုတာ
ဘယ်သူမှ မသိခဲ့ရင်တောင်
မင်းကိုယ်တိုင်တော့
အသိဆုံးဖြစ်မှာပါ။
ကောင်မလေး----------
မင်းက ငါ့အနားမှာ
ငါမဟုတ်တဲ့
နောက်တစ်ယောက်နဲ့
ပျော်နေခဲ့ရင်တောင်
ငါမင့်ကို မုန်းလို့မရခဲ့ဘူး။
ကောင်မလေး.......
အချစ်ဆိုတာကို
မင်းဘယ်လို အဓိပ္ပါယ်ဖွင့်မှာလဲ?
ငါကတော့
အချစ်ဆိုတာ
ငါမပိုင်ဆိုင်ရရင်တောင်
မင်းပျော်မယ်ဆိုရင်
အရာအားလုံးကို
စွန့်လွှတ်ပေးလိုက်တာ
ငါ့ရဲ့မင့်အပေါ်ထားရှိခဲ့တဲ့
စစ်မှန်တဲ့ အချစ်တစ်ခုလို့
ငါထင်တယ်။
ဒါကြောင့်
မင်ငါ့အနားမှာ ရှိသည်ဖြစ်စေ
မရှိတော့ဘူးဖြစ်စေ
မင့်ကို
မပြောင်းလဲတဲ့ အချစ်နဲ့
ဆက်ချစ်နေအုံးမှာပါ
ကောင်မလေးရယ်..
by zawmyolatt

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...