<div style='background-color: none transparent;'></div>

Thursday, January 12, 2017

ညာခံနေရတဲ့နေ့တွေကိုပဲ" ည"တွေကကြည့်ပြီးရယ်နေတယ်#
"ည"တွေကုန်လွန်သွားပြန်လဲ
"ည"တွေကိုပြန်ပြန်စာလောင်နေကြရတာ...အိပ်မက်ပဲ
"ည"တွေဟာ အသက်ရှင်နေတယ်
"ည"တွေထဲ ဘဝတွေက သေနေဆဲ
"ည"တွေလို ငှက်မျိုးစေ့များနဲ့ပျံသန်းနေတဲ့ရမ္မက်တေ်ွသာပျော်လို့
"ည "တွေသာ မီးသဂြိုလ်စက်ထဲဝင်လို့/ထွက်လို့
"ည"တွေက တစ္ဆေ တွေလို အဖော်မဲ့
"ည"တွေထဲ ငြိမ်းချမ်းရေး ဆုတောင်းသံတေ်ွပြန့်လွင့်
"ည"ဟာ ကာညေးဝက်စ်ရဲ့ဖေးမတ်သီချင်းသစ်တပုဒ်လိုအဝတ်မဲ့
"ည"ဟာ...ဟင်နရီဖို့စ်ရဲ့မော်တော်ကားကိုစီးနေတုန်း
"ည"တွေထဲ မော်တော်ကားတွေက...ရှားလာ
"ည"တွေဟာ...မော်ဒန်ကျကျ ခေတ်သစ်ကိုရှာလို့
"ည"တွေဟာ....အယ်ပီကျကျ....တည်းခိုခန်းကိုတည်းလို့
"ည"တွေဟာ...နီယွန်နဲ့ လိုက်ရစ်ကိုဖျော်သောက်နေကြ
"ည"တွေကို လမ်းတွေကထမ်းထားရ
"ည"တွေကို ဖန်အိမ်မှာ သိမ်းထားကြ
"ည"တွေကို စာပေဟောပြောပွဲတွေမှာမြင်နေရ
"ည"တွေဟာ...အဝတ်စား...အခါခါလဲဝတ်လို့
"ည"တွေဟာ ခရမ်းရောင်လို့ပြင်သစ်ရဲ့ဂျူလိုင်လကပြောနေရ
"ည"တွေဟာ လာဗန်ဒါ ပန်းခင်းကြီးလို ခနတာလေးမဟုတ်
"ည"တွေဟာ အရပ်ရှည်နေတဲ့ အရပ်မျက်နှာများမှာကျည်ဖောက်နေကြ
"ည"တွေဟာ စမ်းသပ်ခန်းထဲမှာ နိုက်ထရိုဂျင်ငွေ့တွေကိုရှူနေရ
"ည"တွေက အနီးကပ်...အနီးကပ်...ရန်မူအားတွေကောင်းခဲ့ကြ
မပြီးသေးတဲ့..ဇာတ်လမ်းတွဲတွေလို
ညတွေထဲမှာ ညတွေပဲ ရယ်နေကြ
"ည"တွေဟာ ညတွေလိုဆိုးခဲ့ကြရင်း
ညတွေထဲက ငါးလောင်းပြိုင်တွေပဲမြင်ခဲ့ရ
အဲ့တာ...ညတွေထဲက...ဒေါ်ခင်ဝင်းတွေပဲ
အဲ့တာ.. .ညတွေရဲ့လက်ဆောင်ပဲ
ပြီးနောက် ပြီးနောက်
"ည"တွေက ​သြော်​လို့
အော်
နေတဲ့ ဖားကလေးကငေးလို့
အပြီးသတ်မနိုင်တဲ့လွန်ဆွဲခြင်းတွေကပြေးလို့
ဒီလိုနဲ့ 
နေ့တွေကိုပဲ ရေတွက်ကြည့်ဖို့ဆိုပြီး
မြို့တံခါးကြီးကို ဂျလက်ဖြုတ်လိုက်တဲ့အခါ
ဖယောင်းတိုင်ကို ချစ်တဲ့ နာဇီတွေလိုမျိုး
စာသင်ခန်းနဲ့/ဘုရားရင်ပြင်ပေါ်မက
ညတွေကို လူညတွေက တယုတယထမ်းသွားနေတုန်းပဲဆိုတာ။
နေဝန်းခန့်
by ကဗျာနန်းတော်

2 comments:

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...