သင့်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ အနီ စက်၊ အရည်ကြည်ဖု၊ အနာစက်၊ အဖု အကျိတ်၊ အရေပြား အရောင်ပြောင်း လဲခြင်းများနှင့် အခြား အပြောင်းအလဲ တစ်ခုခု ရှိ၊ မရှိ ပုံမှန် စစ်ဆေး သင့်ပါတယ်။ အဲဒီလို ပြောင်းလဲမှု တစ်ခုခု ရှိခဲ့မယ်ဆိုရင် ဆီးနှင့် ဝမ်းအခြေအနေ၊ ရေဆာ ရေငတ်ခြင်း၊ အမြင်အာရုံ အခြေအနေနှင့် ကိုယ်အလေးချိန် ပြောင်းလဲခြင်း စသည်တို့ရှိ၊ မရှိနှင့် တိုက်ဆိုင်စစ်ဆေးပြီး လိုအပ်ရင် ဆရာဝန်နှင့် တွေ့ဆုံပါ။
သင့်မှာ ဆီးချိုသွေးချိုရောဂါရှိ လျှင် အမြင်အာရုံပြောင်းလဲမှုနှင့် အနာများ ရှိ၊ မရှိ စစ်ဆေးပါ။ ဆီးချို သွေးချိုရောဂါရှိတဲ့သူဟာ နေ့စဉ် ခြေထောက်များကို စစ်ဆေးပြီး ထိခိုက်ရှနာ၊ အနီစက်၊ ရောင်ရမ်းခြင်း၊ အနာများရှိ၊ မရှိ ကြည့်ရှုပါ။ အနာ တစ်ခုခု ရှိနေပြီး အနာမကျက်ဘဲ ကြာ နေရင် ဆရာဝန်နှင့် တွေ့ဆုံပါ။
အရေပြားကင်ဆာနဲ့ နေလောင် ခံရခြင်းတို့မှ ကင်းဝေးစေရန် နေ ရောင်ထဲသွားရင် အရေပြားကို Sunscreen လိမ်းခြင်း၊ ထီး၊ ဦးထုပ် ဆောင်းခြင်းဖြင့် ကာကွယ်ပါ။

0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...