<div style='background-color: none transparent;'></div>

Tuesday, May 21, 2013

သင့်အဆုတ် တွေကို စစ်ဆေးပါ

လှေကား တက်ရတဲ့အခါ မော လာပါသလား။ ဒါဆိုရင် သင့်အဆုတ် တွေကို စစ်ဆေး ကြည့်ဖို့ အချိန်ကျ ရောက်ပါပြီ။ အသက် ၃၅ နှစ်နှင့် အထက် လူတွေရဲ့ ၄၀ ရာခိုင်နှုန်း ကျော်ဟာ အနည်းဆုံး အဆုတ်ရောဂါရဲ့ ဝေဒနာ တစ်မျိုးမျိုးကို ခံစားနေ ကြရပါသတဲ့။
အများဆုံး ဖြစ်တဲ့ ရောဂါ ကတော့ နာတာရှည်လြွေပန်ပိတ်ဆို့ သည့်ရောဂါ Chronic Obstructive Pulmonary Disease- COPD ဖြစ်ပြီး ဒါကိုသတိမပြုမိကြပါဘူးတဲ့။ ရောဂါ ဖြစ်နေမှန်း မသိခြင်းဟာ အဓိကပြဿနာပါပဲ။
အသင့်အတင့်မှ ပြင်းထန်သည် အထိ COPD ခံစားနေရ သည့်လူနာများ၏ တစ်ဝက်ကျော်ဟာ သူတို့မှာ အဲဒီရောဂါဖြစ်နေကြောင်း လုံးဝမသိရှိကြပါ။ အခြေအနေဆိုး လာသည်ကို သိတဲ့အခါ သူတို့ရဲ့ အဆုတ်စွမ်းရည်ဟာတစ်ဝက်လောက် ဆုံးရှုံးလျော့ပါးနေပြီလို့ သိရပါတယ်။
COPD ဖြစ်ပွားရခြင်း၏ အဓိက အကြောင်းရင်းက ဆေးလိပ်သောက် ခြင်းဖြစ်ပြီး ဖုန်မှုန့်များ၊ မီးခိုးများနှင့် ပုံမှန်ထိတွေ့နေရသူများလည်း ဖြစ် လေ့ရှိကြောင်း သိရပါတယ်။ အဆုတ် စွမ်းရည် စစ်ဆေးခြင်းသည် အဆုတ် မှာ ဘာဖြစ်နေသလဲဆိုတာ သိရှိစေ နိုင်တဲ့နည်းလမ်းပဲ ဖြစ်ပါတယ်။ 

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...