<div style='background-color: none transparent;'></div>

Sunday, May 19, 2013

ခါးသေးစေတဲ့ ယောဂကျင့်စဉ်


ခါးသေးစေတဲ့ ယောဂကျင့်စဉ်ယခု တစ်ပတ်မှာ ခါးသေးပြီး နောက်ကျောပြင် က အဆီ တွေကို ကျစေမယ့်
ယောဂ ကျင့်စဉ် ကို ဖော်ပြပေး မှာ ဖြစ်ပါတယ်။ လေ့ကျင့်ရာ မှာလည်း သိပ်မခက်ခဲတဲ့ လေ့ကျင့်ခန်းလေးပါ။ လေ့ကျင့်နည်းက

လေ့ကျင့်ခန်း (၁)
ပေါင်ကား၍ ရပ်ပါ။ (ပုံ-၁)
လေ့ကျင့်ခန်း (၂)
ညာဘက်လက်ကို ဘယ်ဘက်သို့ ဆန့်ထုတ်ပြီး ဘယ်ဘက်လက်ကတော့ ရင်ဘတ်နားတွင် ကပ်ထားပါ။ (ပုံ-၂)
လေ့ကျင့်ခန်း (၃)
ဘယ်လက်ကို ညာဘက်သို့ ဆန့်ထုတ်ပြီး ညာလက်ကိုတော့ ရင်ဘတ်နားတွင် ကပ်ထားပါ။ (ပုံ-၃)
ဤကဲ့သို့ တစ်လှည့်စီ အကြိမ် ၂၀ ခန့် ပြုလုပ်ပေးပါ။
သတိပြုရန်
လေ့ကျင့်သည့်အခါ တင်ပါးနှင့် ခန္ဓာကိုယ်အောက်ပိုင်းကိုငြိမ်အောင် ထားပြီး ခါးနှင့် ခါးအပေါ်ပိုင်းကိုပဲ လှုပ်ရှားပေးပါ။
အကျိုးကျေးဇူးများ
- ခါးကိုသေးစေပါတယ်။
- နောက်ကျောပြင်တစ်လျှောက်ရှိ အဆီများကို ကျဆင်းစေပါတယ်။
- ဦးခေါင်းကိုပါ လိုက်လှည့်သည့် အတွက် ပခုံးကြောများကိုလည်း ပြေစေပါတယ်။
- အုံးလွဲခြင်းကို သက်သာစေပါ တယ်။
ဤလေ့ကျင့်ခန်းကို ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ သီတာလမ်း၊ အမှတ် ၂၂၊ ပထမထပ်ရှိ ကြည်လင်အေးမြ ယောဂသင်တန်း (အမျိုးသမီးသီး သန့်) (ဖုန်း-ဝ၉၄၃၀၈၈၆၉၅၊ ဝ၉- ၇၃၀၄၉၁၄၆) မှ သရုပ်ပြသွားခြင်း ဖြစ်ပါတယ်။


By Health Digest

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...