ဒါ့အပြင် တစ်ကိုယ်လုံးပူတာ၊ အေးတာတွေလည်း ခံစားရနိုင်ပါတယ်။ ဒီလိုလက္ခဏာရပ်တွေ ဖြစ်ပေါ်နေတာကြောင့် သင်ကကိုယ်ဝန် မဆောင်နိုင်တော့ဘူး၊ ကလေးမရနိုင်တော့ဘူးလို့တော့ မယူဆလိုက်ပါနဲ့။ သင်ကလေးရနိုင်ပါသေးတယ်လို့ Dr.Greene က ပြောပါတယ်။ သွေးမဆုံးမီ အစောဆုံး လက္ခဏာတွေ ပြနေချိန်မှာ သင့်အနေနဲ့ သားသမီးလိုချင်သေးရင် သင့်မှာ ကြိုးစားဖို့ အခွင့်အရေးတွေ ရှိနေပါသေးတယ်။ သင့်အနေနဲ့ ကြိုးစားကြည့်လို့မှ မအောင်မြင်ခဲ့ရင်တော့ သားဖွားမီးယပ် အထူးကုဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး တိတိကျကျ လိုက်နာဖို့ လိုပါတယ်။ သင်ရဲ့ ဓမ္မတာလာတဲ့ ဖြစ်စဉ်တွေကို ဆရာဝန်က မေးမြန်းတဲ့အခါ တိတိကျကျ ပြောပြပါ။
သားဥဖြစ်ပေါ်အောင် အားပေးတဲ့ FSH ဟော်မုန်းပမာဏကို စစ်ဆေးပါမယ်။ အီစထရိုဂျင်ဟော်မုန်းနဲ့ ပရိုဂျက်စထရုန်းဟော်မုန်း ပမာဏတွေကို စစ်ဆေးပါမယ် (ဓမ္မတာလာပြီး နှစ်ရက်မြောက်နေ့၊ ဒါမှမဟုတ် သုံးရက်မြောက်နေ့မှာ စစ်ရင် ပိုမိုတိကျတဲ့အဖြေကို ရနိုင်ပါတယ်။) ဆီးချိုသွေးချိုရောဂါ၊ သိုင်းရွိုက်ဟော်မုန်း လျော့နည်းတဲ့ ရောဂါတွေ ရှိ၊ မရှိ စစ်ဆေးပါမယ်။ သင်ရဲ့ သားဥကြွေရာနဲ့ သားမွေးလမ်းတစ်လျှောက် အလုံး၊ အကျိတ်၊ အဖုတွေရှိ၊ မရှိ စစ်ဆေးပါမယ်။ သင့်မှာ ကလေးမရနိုင်အောင် ပြောပလောက်တဲ့ အချက်ရှာမတွေ့ခဲ့ရင်တော့ သင့်အမျိုးသားရဲ့ သုက်ပိုးအရေအတွက်ကို စစ်ပါမယ်။ သင်လည်း သွေးဆုံးချိန် မရောက်သေးဘူး။ သင့်အမျိုးသားရဲ့ သုက်ကောင် အရေအတွက်ကလည်း ပုံမှန်ဖြစ်နေရင်တော့ ဆရာဝန်က သင့်ကို ကုသမှုတွေ စတင်ပါလိမ့်မယ်။ စစ်ဆေးမှုတွေရဲ့ အဖြေပေါ်မူတည်ပြီး တစ်ဦးနဲ့တစ်ဦး ကုသမှုခံယူရတဲ့ အပိုင်းတွေ မတူညီနိုင်ပါ။
By Good Health










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...