စိတ္တဇညအလယ်မှာ
ချော့သိပ်မရတဲ့နှလုံးသားက
ဝေဒနာတွေကြားမှာနိုးထနေတယ်
ပိတ်လို့ မရတဲ့မျက်ဝန်းကို
ကြိုးစားမှိတ်လိုက်မိတော့
အာရုံထဲကိုဝင်ရောက်လာတာက
အတိတ်ရဲ့ အရိပ်တွေပါ
ကံကြမ္မာကိုကြို မမြင်
ပျော်ရွင်ခဲ့တာတွေက
လွမ်းဖို့ ဖြစ်လာခဲ့ပြီပေါ့...
ခုံတန်းလေးပေါ်မှာ
ကျောခြင်းကပ်လျက်အတူထိုင်
ကြယ်တွေကိုအပြိုင်ရေကြတော့
မမောနိုင်မပန်းနိုင်ပေါ့...
ခုတော့...
လမိုက်ညအလယ်မှာ
ရေစရာကြယ်ကမရှိ
ဖြေစရာမင်းကမရှိ
ငါတစ်ယောက်တည်း
အိပ်ပျက်ညက
ဘယ်လောက်ထိရှည်လျားဦးမှာလဲ......
ချော့သိပ်မရတဲ့နှလုံးသားက
ဝေဒနာတွေကြားမှာနိုးထနေတယ်
ပိတ်လို့ မရတဲ့မျက်ဝန်းကို
ကြိုးစားမှိတ်လိုက်မိတော့
အာရုံထဲကိုဝင်ရောက်လာတာက
အတိတ်ရဲ့ အရိပ်တွေပါ
ကံကြမ္မာကိုကြို မမြင်
ပျော်ရွင်ခဲ့တာတွေက
လွမ်းဖို့ ဖြစ်လာခဲ့ပြီပေါ့...
ခုံတန်းလေးပေါ်မှာ
ကျောခြင်းကပ်လျက်အတူထိုင်
ကြယ်တွေကိုအပြိုင်ရေကြတော့
မမောနိုင်မပန်းနိုင်ပေါ့...
ခုတော့...
လမိုက်ညအလယ်မှာ
ရေစရာကြယ်ကမရှိ
ဖြေစရာမင်းကမရှိ
ငါတစ်ယောက်တည်း
အိပ်ပျက်ညက
ဘယ်လောက်ထိရှည်လျားဦးမှာလဲ......
0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...