<div style='background-color: none transparent;'></div>

Wednesday, May 22, 2013

မာနပြိုင်ပွဲ

မင်းကငါ့ကို
အစိမ်းရောင်
နှလုံးသားတစ်စုံနဲ့ 
အသည်းမာပြတာပေါ့..
အတိတ်က
အနမ်းတွေကိုတမ်းတရင်း
အနာဂတ်မှာအလွမ်းတွေနဲ့ 
ခရီးဆက်ဖို့ စိတ်ကူးမရှိဘူး..
တိုက်ဆိုင်မှုရှိလို့ 
သတိရတမ်းတမိရင်
ခံစားလွယ်တဲ့နှလုံးသား
ရင်ထဲမှာမထားပဲ
ခွဲထုတ်ပစ်မယ်
မင်းရဲ့ မာယာကြိုးဝိုင်းထဲမှာ
အလဲထိုးခံရအောင်
ငါလက်ရည်မညံ့သေးဘူး.........
မာနချင်းရင်ဆိုင်
ပဝါမကူရေမရှုကြေး
ယှဉ်ပြိုင်မယ်ဆိုရင်
အလံဖြူစပြတာ
ငါ့ဘက်ကမဖြစ်စေရဘူး.............

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...