<div style='background-color: none transparent;'></div>

Sunday, May 19, 2013

သက်ကြီးသူများ ခံစားရတဲ့ လိပ်ခေါင်းရောဂါ


သက်ကြီးသူများ ခံစားရတဲ့ လိပ်ခေါင်းရောဂါလိပ်ခေါင်း ရောဂါဟာ ခံစားရတဲ့ လူနာကို အတော့်ကို မသက်မသာ ဖြစ်စေ ပါတယ်။ သို့ပေမယ့်လည်း များစွာသော သက်ကြီး ရွယ်အိုများ ဟာ ဒီအဖြစ်များတဲ့ လိပ်ခေါင်းရော ဂါကို ခံစားနေကြရပါတယ်။
အသက် ၅၀ အရွယ် လူများအားလုံး၏ တစ် ဝက်ခန့်ဟာ လိပ်ခေါင်းရောဂါ ဖြစ် ပွားခံစားခဲ့ရဖူးသူများ ဖြစ်ကြတယ်လို့ အမေရိကန်နိုင်ငံရဲ့ အမျိုးသား ကျန်းမာရေးကောလိပ်မှ စစ်တမ်း ထုတ်ချက်များအရ သိရှိရပါတယ်။ ရောဂါလက္ခဏာများကတော့ စအို ယားယံခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲ ခြင်း၊ အိမ်သာသွားသည့်အခါ နာ ကျင်ခြင်း၊ မစင်တွင်သွေးပါခြင်းတို့ ဖြစ်ပါတယ်။
ဝမ်းချုပ်ခြင်း၊ ဆောင့် ကြောင့်ထိုင်အိမ်သာတွင် အကြာကြီး ထိုင်နေခြင်းတို့ကြောင့် ဖြစ်တတ်ပါ တယ်။ ရောဂါသိပ်မပြင်းထန်ပါကဆရာဝန်များက ခံစားနေရတဲ့ ရောဂါဝေဒနာများကို သက်သာ စေရန် ဆေးဆိုင်မှာ ဝယ်ယူလို့ရတဲ့ လိမ်းဆေးများ၊ စအိုတွင်းထည့်ဆေးဝါးများ ပေးပါလိမ့်မယ်


By Health Digest 

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...