
ဦးနှောက် သုံးပြီး အလုပ်လုပ် ရတဲ့ စိန်ခေါ်မှုများ၊ ဆောင်ရွက်ချက် များကို အားစိုက် ဆောင်ရွက်ပါ။ ဥပမာ ဘာသာစကား သင်ယူခြင်း၊ တူရိယာ တီးမှုတ်ပညာ သင်ယူခြင်း။ နှလုံးနှင့် အဆုတ်များကို ကျန်းမာ သန်စွမ်းနေဖို့ နှလုံးသွေးကြော ကျန်းမာရေး အတွက် ကောင်းမွန်စေ သော လေ့ကျင့်ခန်းများကို ပြုလုပ် ပါ။ ဥာဏ်စမ်း ပဟေဠိများ ဖြေဆိုပါ။ ထိုပဟေဠိများကို ဖြေဆိုတဲ့အခါ သင်မသိရှိတဲ့ မေးခွန်းများရဲ့ အဖြေကို သေချာစဉ်းစားပြီး ခန့်မှန်းပါ။ အဖြေမှားသွားခဲ့သည်ရှိသော် ဘာ ကြောင့် မှားသွားသလဲဆိုတာကို အောက်ခြေထိလိုက်ကာ အဖြေရှာပါ။ အလွယ်တကူပြီးပြီးရောမကစားပါနဲ့။ ဦးနှောက်သုံးကာ သေချာစဉ်းစား ဖြေဆိုရတဲ့ ဥာဏ်စမ်းပဟေဠိများကို ရွေးချယ်ပါ။
By Health Digest
0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...