သို့....မြှားနတ်မောင်
ရည်းစားမရှိ၊ပျင်း၏ဟုလည်း
ကျွန်ုပ်မဆို၊မတိုင်တည်ပဲနှင့်
အဘယ်ကြောင့်သင်၊ကျွန်ုပ်ထံသို့
ထိုအရာကိုသယ်ဆောင်ခဲ့သနည်း။
သင်အစပျိုးသော၊ထိုအရှုပ်ထုတ်ကြောင့်
ကျွန်ုပ်ပျော်ရ၊ငိုခဲ့ရ၍
ရယ်ချင်းအမှုလည်းပြုခဲ့ရပြီ။
အချိန်တွေကုန်၊စိတ်တွေထုံပြီး
လူလဲပင်ပန်း၊နှလုံးသားလဲဖျားခဲ့ပြီ။
အကျိုးပြုမည်၊ထင်ခဲ့မိ၍
လက်ခံခဲ့သော၊သင်ယူလာသည့်
ထိုအချစ်ကို၊ကျွန်ုပ်အခုအလိုမရှိပြီ။
ထိုအကြောင်းကြောင့်၊ယခုပင်အမြန်
မပျင်းမရိ၊ဆိုင်းတွခြင်းမရှိပဲ
ထိုအချစ်ကို၊ပြန်လာယူလော့။
သို့တည်းမဟုတ်၊ကျွန်ုပ်ဆန္ဒမလိုက်လျောပါက
ဦးနှောက်ထံ ထောက်ခံစာဖြင့်
သင့်ကို.........
နှလုံးသားတရားရုံးတော်တွင်
တရားစွဲဆိုမည်ဖြစ်ကြောင်း
Message ပေးပို့အသိပေးအပ်ပါသည်။
စာရေးသူ: အောင်ပိုင်စိုး










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...