ပန်းစံပယ်
ရနံ့က ကြူကြူမွေး
အရောင်က ဖြူဖြူဖွေးနဲ့
မိုးသားမမျှော်
ရေလောင်းလဲပွင့်
သူ့အကျင့်က
မမှီခိုတဲ့ ပန်း။
ပန်းစံပယ်
ပင်မြင့်မှာ မပွင့်လန်းပေမဲ့
ခြေရင်းမှာလဲ ၀ပ်ဆင်းမနေပါဘူး
အထီးကျန် တပင်တည်းပွင့်တဲ့ပန်းမဟုတ်လို့
ရိုးတံတွေ ခိုင်ခိုင်နဲ့
စည်းလုံးတဲ့ ပန်း။
ပန်းစံပယ်
ရနံ့တွေ မရိုင်းသလို
ဖူးစမှသည်
ကြွေလွင့်တဲ့ထိ
မွေးရနံ့တွေးဖြန်းပက်လို့ရယ်
ဝန်းကျင်ရပ်ရပ်
မွေးလွန်းသည့် ပန်း။
ပန်းစံပယ်
ဆူးသားမ၀ိုင်း
ကိုင်းဖျားထိပ်ဆီ
မိုးလေမကြောက်
နေလောင်ထိလဲ ညိုးနွမ်းမမြန်တဲ့
ရဲရင့်သည့်ပန်း။
ပန်းစံပယ်
အမျိုးတူပြီး
အရောင်ကွဲပြား
ရနံ့တွေမတူညီတဲ့
ပန်းမျိုးပေါင်းလယ်
အဖြူပဲပွင့်
တမျိုးတည်းရနံ့နဲ့
သစ္စာဒီပန်း
စံပယ်ပန်း။











0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...