<div style='background-color: none transparent;'></div>

Tuesday, May 21, 2013

ကိုယ်ဝန်ဆောင် အတွက် မှန်ကန်တဲ့ အာဟာရ ဓာတ်များ

ဖောလစ် အက်စစ်
ကလေးတွင် မွေးရာပါ ကျောရိုး အာရုံ ကြောမကြီး ချို့ယွင်းခြင်းကို ကာကွယ်နိုင်ပါတယ်။
သံဓာတ်
ကြက်သား၊ ငါး၊ အနီရောင် အသား၊ အစိမ်းရောင်ဟင်းသီးဟင်း ရွက်များမှာ ပါဝင်ပြီး ကိုယ်ဝန်ဆောင် စဉ်သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါ ကို ကာကွယ်နိုင်ပါတယ်။
ကယ်လစီယမ်
နို့နှင့် နို့ထွက်ပစ္စည်းများ၊ ကယ်လ်စီယမ် ဖြည့်စွက်ထားသော ဖျော်ရည်များတွင် ပါဝင်ပြီး ကလေး ငယ်၏ အရိုး၊ သွား၊ အာရုံကြောများ၊ြွကက်သားများနှင့် နှလုံး စသည်တို့ ဖွံ့ဖြိုးမှုအတွက် လိုအပ်ပါတယ်။
မျှတသောအာဟာရ
- ဂျုံကြမ်း၊ ဆန်ကြမ်း၊ သစ်သီး ဝလံနှင့် ဟင်းသီးဟင်းရွက်၊ အဆီမပါ သော အသားဓာတ်၊ ကျန်းမာရေးနှင့် ညီညွတ်သော ဆီ (မပြည့်ဝဆီ)၊ အဆီထုတ်ထားသော နို့နှင့် နို့ထွက် စားစရာများဟာ ညီညွတ်မျှတတဲ့ အာဟာရ (Balanced Diet) ရဲ့ အစိတ်အပိုင်းများ ဖြစ်ပါတယ်။
Ref: HealthDay New.

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...