
ချစ်သူများနေ့  သမင်လည်ပြန် - ရဲရင့်သက်ဇွဲ (သရုပ်ဖော် - မြင့်လှိုင်)
အလင်းနှစ်သန်းပေါင်းများစွာ
မလိုပါဘူး အချစ်ရေ
တည်ဆောက်ခဲ့တဲ့ ဘ၀လေးထဲ
သမင်လည်ပြန် အကြည့်တချက်သာ
နှစ်ဆယ့် ငါးနှစ်ဟာ
မြင်းတကောင်လို ကဆုန်ပေါက်
ငါ့ရှေ့ကို ရောက်ရှိလာတယ် ။ ရှစ်ဆယ့်ခွန်ရဲ့ ဖေဖေါ်ဝါရီမှာ ဝေတဲ့ နှင်း
မန္တလေးရဲ့ တောင်သမာန်မှာ ဝေတဲ့ နှင်း
အော် - ချစ်သူများနေ့ မှာ ဝေတဲ့ နှင်း
လွမ်းလွမ်းဆွေးဆွေး သတိရနေမလား
ကိုယ်က ကမ္ဘာ့ဝင်ရိုးစွန်းနားမှာ
ဝေးကွာခြင်းက ဒို့ အတွင်းထဲမှာ ။ ဘယ်သူတွေ ဘာပဲ ပြောပြော
မြစ်ရေတွေက ဒို့နှစ်ဦးသားကို တိုးဝှေ့ သွား
ခိုင်မာတဲ့ ကြိုးနှစ်ချောင်းက တုတ်နှောင်ထားတယ် မဟုတ်လား ၊
မင်္ဂလာရှိသောနေ့ ပါ ညီမလေးရေ
အရာရာ ဖြည့်ဆည်းပေးခဲ့သမျှ
ကျေးဇူးတွေ အချစ်တွေ ပေပွနေတဲ့ဘ၀လေးထဲမှာ
လွန်ခဲ့တဲ့ နှစ်ဆယ့်ငါးနှစ်က
ချစ်သူများနေ့ဟာ လှပ လတ်ဆတ်နေဆဲ
ပစ္စုပ္ပန်ရဲ့ ရောက်လာတဲ့ ချစ်သူများနေ့ ဟာလည်း
လှပ လတ်ဆတ်နေမြဲသာပ
အနာဂတ်ရဲ့ ချစ်သူများနေ့ဟာလည်း
လှပ လတ်ဆတ်နေဦးမယ်ဆိုတာ ကိုယ် ယုံတယ် ။ (နှစ်ဆယ့်ငါးနှစ်သက်တမ်း အမှတ်တရ) ရဲရင့်သက်ဇွဲ










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...