ငှက်ကလေး အိုအသင်
ဘယ်ရင်ခွင် ဘယ်မြိုင်နန်း
ပျံသန်းမယ်ပြင်။
မပျံနဲ့ မတားချင်
ငါမနှင် သင်အသိ။
သင်လိုရာ ရပ်စခန်း
ပျံသန်းပါဘိ။
ချောင်းကလေး အိုအသင်
ဘယ်ရင်ခွင် ဘယ်ခရီး
စီးမယ်လို့ပြင်
မစီးနဲ့ မတားချင်
ငါမနှင် သင်အသိ။
သင်လိုရာ ရပ်ခရီး
စီးဆင်းပါဘိ။
ငါးကလေး အိုအသင်
ဘယ်ရင်ခွင် ဘယ်မှာမြူး
ကူးမယ်လို့ပြင်။
မကူးနဲ့ မတားချင်
ငါမနှင် သင်အသိ
သူလိုရာ ရေမှာကူး
ဆော့မြူးပါဘိ။
ချစ်မိတ်ဆွေ အသင်တို့
အားကျလို့ စိတ်ကူးဝင်
လွတ်လပ်လိုက်ချင်။
ပျံမယ်လို့ ပြင်
ကြံတိုင်းလျှင် ပျံမဖြစ်
မမြင်သာ တမျှင်ကြိုးရယ်က
ဆတိုး ပတ်ရစ်...။ ။
မောင်နီဝင်း (ပခုက္ကူ)
ဘယ်ရင်ခွင် ဘယ်မြိုင်နန်း
ပျံသန်းမယ်ပြင်။
မပျံနဲ့ မတားချင်
ငါမနှင် သင်အသိ။
သင်လိုရာ ရပ်စခန်း
ပျံသန်းပါဘိ။
ချောင်းကလေး အိုအသင်
ဘယ်ရင်ခွင် ဘယ်ခရီး
စီးမယ်လို့ပြင်
မစီးနဲ့ မတားချင်
ငါမနှင် သင်အသိ။
သင်လိုရာ ရပ်ခရီး
စီးဆင်းပါဘိ။
ငါးကလေး အိုအသင်
ဘယ်ရင်ခွင် ဘယ်မှာမြူး
ကူးမယ်လို့ပြင်။
မကူးနဲ့ မတားချင်
ငါမနှင် သင်အသိ
သူလိုရာ ရေမှာကူး
ဆော့မြူးပါဘိ။
ချစ်မိတ်ဆွေ အသင်တို့
အားကျလို့ စိတ်ကူးဝင်
လွတ်လပ်လိုက်ချင်။
ပျံမယ်လို့ ပြင်
ကြံတိုင်းလျှင် ပျံမဖြစ်
မမြင်သာ တမျှင်ကြိုးရယ်က
ဆတိုး ပတ်ရစ်...။ ။
မောင်နီဝင်း (ပခုက္ကူ)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...