<div style='background-color: none transparent;'></div>

Friday, May 17, 2013

အချိန်တန်ရင်

ဒါဟာ ယဉ်ကျေးမှုလား

ကြွပ်ကြွပ်အိတ် အမှိုက်လို နေရာတကာပေါတဲ့

နောက်ကျမှ နောက်ကျောကို ဓားနဲ့ ထိုးမယ့် စကားလုံး

ဒါဟာ ယဉ်ကျေးမှုလား

အလစ်မှာ ခြေ၀င်ထိုး

အငိုက်မှာ တွန်းချမှ ဒီနေရာကို ရမှာလား

အတောင်တစ်စုံ ရှိရင် ဆန္ဒတိုင်းပျံနေနိုင်တာပဲ

အမြင့်ကို ရောက်လေလေ မြင်ကွင်းက ပိုကျယ်လေလေ

အရသာ သိသွားတဲ့ ကျား ထပ်ပြီး စားချင်နေတယ်

ဒီပင်လယ်ကို တစ်ဦးတည်း လက်ပစ် ကူးချင်နေသူများပြီ

ပင်လယ်ရေကို တစ်ဦးတည်း သောက်ချင်ကြတာလား

မချစ်သော်လည်း အောင့်ကာနမ်း

အပြုံးလေးတွေ သကြားဖြူးမယ် ၊ နှမ်းဖြူးမယ်

မ၀င်ဆန့် နိုင်တော့ အရိုင်းအစိုင်း

ခွဲလိုက်မှ ဒီ အသီး မချိုမှန်း သိတယ်

ပြုံးလိုက်မှ အစွယ် အဖွေးသား ပေါ်လာတဲ့ အတွေ့ အကြုံအရ

ဒါဟာလည်း ယဉ်ကျေးမှုလား ၊ ဘာလား

လူမှု ဆက်ဆံရေးနယ်ပယ်မှာ မရှိ မဖြစ်ကြောင်လိမ်လှေကား

တိုက်ရိုက်ရောက်ဖို့ ဓာတ်ရိုက်စရာ မလိုတဲ့ ဓာတ်လှေကား

ပ၀ါ မခြုံဘဲ နေတဲ့ သူ

ပ၀ါမခြုံတော့ ဂုဏ်မတင့်တယ်ဘူးပေါ့ တဲ့

ရယ်သံကို စိမ်ပြေနပြေ စာလုံးပေါင်း ဖတ်ချင်လာတယ်

ပွဲတက် ၀တ်စုံ မ၀တ်ဘဲ

မိတ်ကပ် ဆံပင် မပြင်ဘဲ ပွဲတက်မယ်

ကိုယ်ကျင့်သိက္ခာ မပေါက်ပြဲရင် ပြီးတာပါပဲ

အတင်းဝင်လုံးစရာ မလို

အနေမှန်သူ

အချိန်တန်ရင် အိမ်ပြန်ရောက်လိမ့် မပေါ့ ။ ။
by ညိုပြာဝိုင်

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...