ဆန္ဒသက်သက်
**********
ဖြစ်နိုင်မယ်ဆိုရင်
ကမ္ဘာလောကကြီးကို
ထာဝရငြိမ်းချမ်းနေစေချင်တယ်...........
ဖြစ်နိုင်မယ်ဆိုရင်
ကျွန်တော်လက်နဲ့ထိတွေ့တိုင်း
ပန်းတွေပွင့်လန်းပြီး ပွင့်သောပန်းတိုင်လန်းဆန်းစေချင်တယ်.............
ဖြစ်နိုင်မယ်ဆိုရင်
လူသားအားလုံးကို
အပြုံးတွေနဲ့ ဖုံးလွှမ်းနေစေချင်တယ်..............
ဖြစ်နိုင်မယ်ဆိုရင်
ကျွန်တော်ရဲ့ နှုတ်ခမ်းများဟာ
သူမရဲ့ပါးပြင်ပေါ်မှာ ထာဝရအိပ်စက်နေချင်တယ်............
ဖြစ်နိုင်မယ်ဆိုရင်
ကျွန်တော် ဟာ ကမ္ဘာဦးအစက အာဒံ ဖြစ်ပြီး
သူမဟာ ကျွန်တော်ရဲ့ နံရိုးတစ်ချောင်းဖြစ်စေချင်တယ်............
နေရည်

0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...