<div style='background-color: none transparent;'></div>

Tuesday, May 21, 2013

ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးမွေးဖွားပြီးစ မိခင်များအနေဖြင့် တီဘီရောဂါဖြစ်နိုင်ခြေ အဆ ၇ဝ ပို၍များပြားကြောင်း တွေ့ရ























ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးမွေးဖွားပြီးစ ခြောက်လအတွင်းရှိသော မိခင်များ အနေဖြင့် တီဘီရောဂါ ဖြစ်နိုင်ခြေ အဆ ၇ဝ ပို၍များပြားကြောင်း သုတေသနပညာရှင်များက သတိပေးလိုက်သည်။ အမေရိကန် ကျန်းမာရေးကာကွယ်စောင့်ရှောက်မှု အဖွဲ့က သားဖွားဆရာမ များနှင့် ဂျီပီဆရာဝန်များအား ၎င်းတို့၏ သုတေသနပြုချက်ကို ယခုကဲ့သို့ သတိပေးလိုက်ခြင်းဖြစ် သည်။ အဆိုပါ သုတေသန၌ ၁၂ နှစ်အတွင်း အမျိုးသမီးပေါင်း ၁၉ဝ,ဝဝဝ ကျော်ကို လေ့လာခဲ့ သည်။ တီဘီရောဂါဖြစ်ပွားမှုကို လေ့လာခဲ့ရာတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးမွေးဖွား ပြီးစ ခြောက်လအတွင်းရှိသော မိခင်ပေါင်း ၁ဝဝ,ဝဝဝ အနက် ၁၅ ဒသမ ၄ ဦး၌ တီဘီရောဂါ ဖြစ်ပွားကြောင်း တွေ့ရှိခဲ့ရသည်။ တီဘီရောဂါဖြစ်ပွားမှုသည် အထွေထွေ လူဦးရေအတွင်း၌ လူပေါင်း ၁ဝဝ,ဝဝဝ ၌ ၉ ဒသမ ၁ ဦးသာတွေ့ရှိခဲ့ရသည်။ ကိုယ်ဝန်ဆောင် မိခင်များ၌ ကိုယ်ခံ အားစနစ်များ နိမ့်ကျနေသောကြောင့် ရောဂါဖြစ်ပွားရန် ပိုမိုလွယ်ကူခြင်း ဖြစ်နိုင်သည်ဟုဆိုသည်။

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...