<div style='background-color: none transparent;'></div>

Tuesday, May 21, 2013

အသက်အရွယ် အိုမင်းခြင်းကြောင့် ဖြစ်ပေါ်သော ဦးနှောက်ဆဲလ် အပြောင်းအလဲများ ကို ဆေးများက ပြန်လည်ပြောင်းလဲ ပေးနိုင်ကြောင်း တွေ့ရ





အသက်အရွယ် အိုမင်းစဉ်အတွင်း ဖြစ်ပေါ်သည့် သင်ယူခြင်းနှင့် မှတ်ဥာဏ်ဆိုင်ရာ ဦးနှောက်ဆဲလ်များ ပြောင်းလဲခြင်းကို အရေးပါသော ဦးနှောက်ပရိုတင်းပါဝင် နှုန်းအပေါ် သက်ရောက်သည့် ဆေးဝါးများက ပြန်လည်ပြောင်းလဲကာ ကုစားပေးနိုင်ကြောင်း တိရစ္ဆာန် များတွင် လေ့လာချက်အရ သိရှိရသည်။ အဆိုပါတွေ့ရှိချက်ကြောင့် နောင်အခါ ဦးနှောက်ဆဲလ် လုပ်ငန်းများကို ပြန်လည် ပြုပြင်ပေးနိုင်သည့် ဆေးဝါးများထွက် ပေါ်လာတော့မည်ဟုဆိုသည်။ အသက် အရွယ်အိုမင်းမှုနှင့် ပတ်သက်သော မှတ် ဥာဏ်ဆုံးရှုံးမှုသည် ဦးနှောက်ဖွဲ့စည်းပုံ တစ်စတစ်စ ယိုယွင်းလာမှုနှင့် ဦးနှောက် ဆဲလ်များအကြားရှိ Synapses များ၏ လုပ်ငန်းဆောင်တာ ယိုယွင်းမှုကြောင့် ဖြစ်ပေါ်ပြီး ၎င်းတို့သည် သင်ယူနိုင်စွမ်းနှင့်လည်း ပတ်သက်နေသည်ဟုဆိုသည်။
မကြာသေးခင်က လေ့လာချက်များအရ ဗီဇများကို ထိန်းချုပ်သည့် ဓာတုဖြစ်စဉ်တစ်ရပ် ဖြစ်သော Histone acetylation သည်ဖော်ပြပါ လုပ်ငန်းစဉ်၌ ပါဝင်ပတ်သက်နေသည်ဟုဆိုသည်။ အထူးသဖြင့် ဦးနှောက်ဆဲလ်များ၏ အချက်အလက် သိုမှီးမှုဆိုင်ရာ အင်အားနှင့် ဖွဲ့စည်းပုံ ကို ပြောင်းလဲပေးနိုင်သည်ဟုဆိုသည်။ အဆိုပါသုတေသနကို အမေရိကန်ပြည် ထောင်စု လော့စ်အိန်ဂျလိစ်မြို့ရှိ ကယ် လီဖိုးနီးယား တက္ကသိုလ်မှ ကူဝေဆိုင်းက ဦးဆောင်လျက် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သူက ယခုတွေ့ရှိချက်ကြောင့် အယ်လ်ဇိုင်းမားကဲ့သို့သော အသက်အ ရွယ်အိုမင်းမှုကြောင့်ဖြစ်ပေါ်သည့် ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ရောဂါများကို ကုသပေးနိုင်သည့် ဆေးဝါးသစ်များ ထွက်ပေါ်လာတော့မည် ဟုဆိုသည်။

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...