<div style='background-color: none transparent;'></div>

Tuesday, May 21, 2013

ကြို့ထိုး တာ ရပ်တန့်အောင်

သင်ဟာ အလုပ် အတွက် Interview ဖြေ နေစဉ် ဒါမှ မဟုတ် Meeting အခန်း ထဲဝင် နေစဉ်မှာ ကြို့ထိုးနေတာ မရပ်မနားဖြစ်နေရင် အောက်ပါအတိုင်း ပြုလုပ်ကြည့်ပါ။
၁) လျှာထုတ်လိုက်ပါ
လေကို ကြာကြာရှူသွင်းနေစဉ်မှာ လျှာကို အပြင်ထုတ်နိုင်သလောက် ထုတ် လိုက်ပါ။ အသံအိုးတစ်ခုနဲ့တစ်ခုကြားက အပေါက်တွေကို လှုံ့ဆော်သလိုဖြစ်သွား ပြီးကြို့ထိုးတာသက်သာသွားနိုင်ပါတယ်။
၂) သကြားအနည်းငယ် စားပါ
သင်ရဲ့လျှာနောက်ဘက်ကို သကြား အနည်းငယ်ဖြူးလိုက်ပါ။ သကြားမှုန့်တွေ က သင့်လည်ချောင်းအတွင်းမှ အာရုံ ကြောတွေကို လှုံ့ဆော်ပေးတာကြောင့် ဝမ်းဗိုက်အတွင်း ကန့်လန့်ကြွာကက်သား (Diaphragm) တွေ Relax ရရှိစေနိုင်တဲ့ အတွက် ကြို့ထိုးတာ သက်သာသွားနိုင် ပါတယ်။



By Good Health

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...