<div style='background-color: none transparent;'></div>

Saturday, June 1, 2013

အခိုင်တွင် မပေါက် ပင်စည်တွင် ပေါက်သော ဘရာဇီး စပျစ်သီး


ဘရာဇီး စပျစ်လို့ခေါ်တဲ့ စပစ်ပင်တစ်မျိုးက ဘရာဇီးနိုင်ငံ၊ ပါရာဂွေး၊ ဘိုလီဗီးယား၊ အာဂျင်တီးနား အစရှိတဲ့ နိုင်ငံများ ပေါက်ရောက်ကြီး ထွား ပါတယ်။

အရသာကလည်း စပျစ်နဲ့ သိပ်မကွာပါဘူး။ ခူးပြီးရင် ၂ ရက်၊ ၃ ရက်လောက် ပဲ ခံတဲ့ လတ်လတ်ဆတ်ဆတ်စားရတဲ့ အသီးများ ဖြစ်ပါတယ်။ ဝိုင်အနေနဲ့ လည်း ကျိုချက်၊ ကြိတ်၊ဖျော်လို့ သောက်သုံးပါတယ်။ ဘရာဇီး စပျစ်ခြောက် နဲ့ အခွံကိုလည်း ဆေးအနေနဲ့ အသုံးပြုပါသေးတယ်။

အပင်က အစေ့နဲ့စိုက်ရင် ၁၀ နှစ်လောက်နေမှ အသီးသီးပြီး ပျိုးပင်နဲ့ စိုက်ရင်တော့ ၅ နှစ်အတွင်း အသီးသီးပါတယ်။ ဒါကြောင့် ရှားပါး စပျစ် လည်း ဖြစ်ပါတယ်။ ယင်း ဘရာဇီး စပျစ်များကို Jabuticaba လို့လည်း ခေါ် ဆိုပါသေးတယ်။ 
 
by innewsmyanmar

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...