ဗိုလ်ဆွန်ပက် ကွန်ဒိုရှိ ကားပါကင်တွင် ရေနစ်မြုပ်နေသော ကားကို တွေ့ရစဉ် (ဓာတ်ပုံ-သက်မျိုးမင်း)
ဇွန် ၉ ရက် ညပိုင်းနှင့် ဇွန် ၁၀ ရက် နံနက်ပိုင်း မိုးရွာသွန်းမှုကြောင့်
ရန်ကုန်မြို့လယ်ရှိ ပန်းဘဲတန်း၊ ကျောက်တံတား၊ လသာစသော မြို့နယ်များမှ
လမ်းများတွင် အနည်းဆုံး ခြောက်လက်မမှ အများဆုံး နှစ်ပေအထိ ရေလျှံခြင်း
ဖြစ်ပေါ်ခဲ့ပြီး ဗိုလ်ဆွန်ပက်ကွန်ဒို ကားပါကင်တွင် ကားနှစ်စီး ရေမြုပ်၍
ကရိန်းဖြင့် ပြန်လည်ဆယ်ယူ ခဲ့ရသည်။
ရေကြီးရေလျှံမှု အများဆုံးဖြစ်သော လမ်းများမှာ ဗိုလ်ဆွန်ပက်လမ်း၊ ၂၉
လမ်း၊ ၃၁ လမ်းတို့ဖြစ်ကာ ထိုလမ်းများ၏ အချို့နေရာများတွင် နှစ်ပေခန့်အထိ
ရေလျှံနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ကာ ယင်းလမ်းများတွင် အလုပ်လုပ်ကိုင်
နေသောသူများ အခက်ကြုံခဲ့ရပြီး၊ ရေလျှံမှု ဖြစ်ပေါ်သော အချိန်၌ အမှိုက်သရိုက်
များသည်လည်း လမ်းပေါ်တွင် မျောပါနေကြောင်း သိရသည်။
ထို့ပြင် ဗိုလ်ဆွန်ပက်လမ်း၊ ဗိုလ်ဆွန်ပက် ကွန်ဒိုတွင်လည်း မြေညီထပ်ထိ
ရေ၀င်ရောက်မှုမှာ ငါးပေခန့်ရှိကာ အောက်ဆုံးထပ် ကားပါကင်တွင်မူ ကားနှစ်စီး
ရေမြုပ်သွားသည်အထိ ဖြစ်ခဲ့ရပြီး တစ်စီးကို ဇွန် ၁၀ ရက် နံနက်ပိုင်းက
ကရိန်းဖြင့်ပင် လာရောက်ဆယ်ယူ သွားခဲ့ရကြောင်း သိရသည်။
"အခုထက်ထိ ကျွန်တော့်ကားက ရေမြုပ်နေတုန်းပဲ။ အောက်ထပ် ကားပါကင်ကို
ရေ၀င်တာ ငါးပေကျော်လောက် ရှိမယ်။ အခု ရေလာစုပ်ထုတ်တယ် ဆိုတဲ့ပိုက်လုံးကလည်း
အလုံးတော်တော် သေးသေးနဲ့ စုပ်ထုတ်နေပါတယ်" ဟု ရေနစ်မြှုပ်နေသည့်
ဗိုလ်ဆွန်ပက် ကွန်ဒိုမှ ကားပိုင်ရှင်က ဆိုသည်။
by weeklyeleven
Wednesday, June 12, 2013
မိုးရွာသွန်းချိန် ဗိုလ်ဆွန်ပက်ကွန်ဒို ကားပါကင်၌ ကားနှစ်စီး ရေမြုပ်၍ ကရိန်းဖြင့် ဆယ်ယူခဲ့ရ
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...