ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မောင်တောမြို့သို့ ပြန်လည်ဝင်ရောက်လာသော ရခိုင်တိုင်းရင်းသား မိသားစု တစ်စုအား မေလ ဒုတိယပတ်က တွေ့ရစဉ်
ဘင်္ဂါလီများ၏ အကြမ်းဖက်မှုများကြောင့် ရခိုင်ပြည်နယ် အတွင်းသို့
ဝင်ရောက်လာသော ရခိုင်တိုင်းရင်းသားများအား ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့
ပြန်လည်မသွားဟု ဆိုမှသာ နိုင်ငံသားဖြစ်ခွင့် မဖြစ်ခွင့်ကို
ထည့်သွင်းစဉ်းစား သွားမည်ဖြစ်ကြောင်း ပြည်နယ် အစိုးရထံမှ သိရသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ရခိုင်ပြည်နယ် အတွင်းသို့ ခိုလှုံလာကြ
သူများထဲတွင် သက်၊ မြို၊ ရခိုင်၊ ဒိုင်းနက် လူမျိုးများ ပါဝင်ပြီး
မောင်တောမြို့နယ်နှင့် ကျောက်တော်မြို့နယ် အတွင်းသို့ ရောက်ရှိနေသော
အိမ်ထောင်စု အရေအတွက်မှာ ၁၅၈ စုဖြစ်ကြောင်းနှင့် ကျားမ လူဦးရေမှာ ၇၂၅
ဦးအထိ ရှိနေပြီဖြစ်ကြောင်း သိရသော်လည်း မောင်တောဒေသခံများ၏ အဆိုအရ
အိမ်ထောင်စု ၂၅၀ ကျော်နှင့် လူဦးရေ ၁၀၀၀ ကျော်နေပြီ ဖြစ်ကြောင်းလည်း
သိရသည်။
| တစ်နှစ်စာ ဆန်တွေ၊ ဆီတွေ၊ အသုံးစရိတ်တွေ ထုတ်ပေးထားတယ်။ နေရာထိုင်ခင်းအတွက် စီစဉ်ပေးနေတယ်။ ဥပဒေအရ ဆောင်ရွက်သွားမှာပါ။ ဖြစ်သင့်ရင် ဖြစ်မယ်၊ မဖြစ်သင့်ရင်တော့ မဖြစ်သေးဘူး . . . . . |
ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ရောက်ရှိလာသူများသည် ယင်းနိုင်ငံတွင် ဆက်လက်နေထိုင်၍ မရတော့သည့် အနေအထားကြောင့် ထိုသို့ထွက်ပြေး ခိုလှုံလာခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံအတွင်း အမြဲနေထိုင် သွားကြမည့်သူများ ဖြစ်ကြောင်းလည်း မြန်မာနိုင်ငံ အတွင်းသို့ ရောက်ရှိလာသူများထံမှ သိရသည်။
by weeklyeleven










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...