အခုပြောပေးမယ့် နည်းလေးကတော့ android စနစ်သုံး Mobile တွေမှာ apps တွေ
Games တွေ သွင်းတဲ့ အခါမှာ ဖြစ်တတ်တာ အင်း... ဖြစ်တတ်တာ ဆိုတာထက်
ဖြစ်သွားတာကို မသိလိုက်တဲ့ အခြေအနေက ပိုများပါတယ် ဘာဖြစ်သွားတာလဲဆို
ပြောရင်တော့ Error ညိတယ်ပေါ့ဗျာ install လုပ်လိုက်တာတော့
အောင်မြင်ပါရဲ့အသုံးပြုတဲ့ အခါ ဆော့တဲ့ အခါတွေမှာ ဘာမှန်းညာမှန်းမသိဘဲ
လေးလံနေတာတွေ အော်တို ပိတ်သွားတာတွေဟာ အခုပြောနေတဲ့ အကြောင်းအရင်းတွေပါ
အဲဒါတွေက ဘယ်လိုဖြစ်သွားတာလဲ ဆိုရင် ကိုယ်သွင်းလိုက်တဲ့ အရာမှာ အပြစ်အနာတွေ
သွားဖြစ်နေပါတယ် ဒါကို ကျွန်တော်တို့ ခေါ်ကြတာက Bloatware လို့ ခေါ်ကြပါတယ်
ဒါကို မြန်မာလိုပြောရင် နဲနဲရှုပ်မယ်ထင်တယ် အဆင်ပြေသလောက်လေး
ပြောကြည့်တာပေါ့ တိုက်ရိုက် အနက်ကတော့ Bloat ဆိုတာ ကျပ်တိုက်တာ,ဟီး
ရှင်းကာမှ ပိုရှုပ်နေပြီထင်တယ် နောက်တစ်မျိုး ပြောရင် အနာဖြစ်လို့
ယောင်ပြီးဖောင်းကားနေတာ ဒါကို ဆိုလိုတာ ဒီနေရာမှာ
ပေါင်းပြီးဆွဲသုံးလိုက်တော့ Bloatware ဆိုတာ မလိုအပ်တဲ့ဟာတွေ
အများကြီးစုပုံနေစေတတ်သော အရာ ဆိုလို့ ပြန်ရပါတယ် ဘယ်လိုမလိုအပ်တာတွေလဲ ဆို
system File ထဲမှာ အများအားဖြင့် log file တွေ အနေနဲ့ ဘာမှသုံးမရတဲ့ ဟာတွေ
များပြားလာစေတာပါ များလာတော့ဘာဖြစ်လာမလဲ ပထမဆုံး Storage နေရာတွေ
ကုန်လာမယ် နောက် စက်ကိုလေးလံလာစေပါမယ် ဒီဖွိုင်တွေကို Antivirus က
မစစ်ပေးပါဘူး သူက Virus လဲမဟုတ်ပါဘူး ကိုယ်လုပ်တဲ့ အချိန်မှာ အဆင်မပြေလို့
အနာဖြစ်သွားတဲ့နေရာမှာ ပြည်လိုက်လာသလို ဖြစ်သွားတာ တစ်ခါသုံးတိုင်းအဲဒီအနာက
တစ်ခါ ထုတ်ပေးနေပါမယ် တစ်ခါဆိုတာ တစ်ခုတည်းထုတ်ပေးတာ မဟုတ်ဘူး
ဘယ်လောက်ထုတ်တယ်ဆိုတာ အနာ ဘယ်လောက်ကြီးလဲဆိုတာပေါ်မူတည်ပြီးကွာပါမယ်
ဒီလိုဆိုရင် ဒါကိုဘယ်လိုလုပ်မလဲ တကယ်တန်းရိုးရိုးလေး ပြောရရင်တော့ ဖုန်းနဲ့
မန်မိုရီကို boost ပြန်တက်လိုက် အဲဒီ apps ကို ဖြုတ်ထုတ်ပစ်လိုက်
မသုံးနဲ့တော့ အသစ်ပြန်ထည့် ဒါပေါ့ ဒါပေမယ့် ဒါကပြောရတာက လွယ်တယ်
တကယ်လို့များကိုယ်သုံးတဲ့ ဟာက ပိုက်ဆံပေးဝယ်သုံးထားတာမျိုးဆို သေပြီဆရာပေါ့
အဲလိုမဖြစ်ရအောင် ဒီဟာတွေကို ဘယ်လိုရှင်းရမလဲဆိုတဲ့ နည်းလေးပြောပေးပါမယ်
ပထမဆုံး လိုအပ်တာလေး အရင်ပြောပေးလိုက်ပါမယ် နောက်မှ အောက်မှာ ပုံနဲ့တကွရှင်းပေးလိုက်ပါမယ်
လိုအပ်တာကတော့ အလကားရတဲ့ App လေးတစ်ခုပါပဲ သူ့နာမည်က NoBloat Free လို့ခေါ်ပါတယ်
ဒီကောင်လေးက သင့်ပြသနာတွေကို ဖြေရှင်းပေးပါလိမ့်မယ် ကဲစလိုက်ရအောင် ရွာစားရေ...နတ်သံလေးနှော (ဟီး..... အပျိုတော် ထကနေကြဦးမယ်)
1. သင့်ဖုန်းက root လုပ်ထားပြီးသားဖြစ်ရပါမယ် ဖောက်ထားပြီးပြီဆိုရင်
ဒီမှာ ဒေါင်းလောချပြီး install လုပ်ထားလိုက်ပါ
2. နောက် NoBload app ကိုဖွင့်ပါ root permission တောင်းပါလိမ့်မယ်
3.အခု ကျွန်တော်တို့ Settings & utilities က system apps
ဆိုတာကိုဖွင့်လိုက်ပါမယ် ဒီနေရာမှာ all system apps ဒါမှမဟုတ်
pre-installed apps ဆိုပြီး တွေ့ရပါမယ် ဘာဖြစ်ဖြစ် အတူတူပါပဲ
4. အခု သင် အဲဒီအနေအထားမှာ မြင်နေရတာထဲက ကြိုက်တာနှိပ် သင့်စက်ကနေ
ထုတ်ဖယ်ပစ်မလားဆိုတာ တွေပဲ ပြနေပါမယ် ရှင်းပစ်မယ်ဆိုလဲ ချပေါ့ ဒါကတော့ သဘော
သဘောပါဗျာ သားနဲ့ဆိုင်ဘူးနော် ကိုယ့်ဘာသာ ကိုယ့်ဟာကိုယ်လုပ်တာ လို့ မြင်ပါ
ဘာမှတော့မဖြစ်ပါဘူး ဒါပေမယ့် သတိရပေးပါ ချစ်သူကိုပြောတာမဟုတ်ဘူးနော်
system apps တွေ ဖျက်သွားတတ်ပါတယ် အဓိကအားဖြင့်တော့ android icons
တွေကိုပေါ့ သင့် device ထဲက အချို့ဟာတွေပါ ပါသွားတတ်ပါတယ်
အခန့်မသင့်ခဲ့ရင်ပြောတာပါ ဒါကြောင့် Backup အရင်လုပ်ထားသင့်ပါတယ် နောက်
ဖျက်မယ်ဆိုလဲ သေချာအောင်လုပ်ဖို့တော့လိုတယ်နော်
5. ကဲဖျက်ဖို့ပြောနေတာဆိုတော့ ဖျက်ရအောင် သင်ဖျက်ချင်တဲ့ app တစ်ခုကိုနှိပ်ပါ pop-up menu တစ်ခု တက်လာပေးပြီး options to
disable, backup, backup and delete and delete ဆိုတာတွေ ပြပါမယ် ကိုယ်က ရွေးရတော့မယ် ဒါကြောင့် အသင့်တော့ဆုံးဖြစ်တဲ့
backup and delete, ဆိုတာ ကိုရွေးပေးလိုက်ပါ
ဒီလိုဆိုရင်တော့ အမှားတစ်ခုခု ဖြစ်သွားလဲ ပြသနာ မရှိတော့ပါဘူး ပြန် restore
လုပ်ရုံပါပဲ အဲဒါ ဖျက်လိုက်တာဟာ ကုန်သွားပါပြီ သင့်ဖုန်းထဲ မလိုတဲ့ ဟာတွေ
မကျန်တော့ပါဘူး
သင့်ဖုန်းလဲ တော်တော်သွက်လက်လာတာ တွေရပါလိမ့်မယ်
by arkarphyo
Brother what is IMEI?
ReplyDelete