မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ဇန်န၀ါရီလမှ မေလအထိ ငါးလတာကာလ အတွင်း
မီးလောင်မှုများကြောင့် လူသေဆုံးမှုသည် ယခင်နှစ်ထက် နှစ်ဆ နီးပါး
မြင့်တက်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနထံ
မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှ မေလအထိ ငါးလတာ ကာလအတွင်း မီးလောင်မှု ၆၆၀
မှု ဖြစ်ပွားခဲ့ရာ လူ ၂၇ ဦး သေဆုံးခဲ့ပြီး ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ မှ
မေလအထိ ဖြစ်ပွားခဲ့သော မီးလောင်မှု ၁၀၅၂ ကြိမ်တွင် လူ ၄၅ ဦး
သေဆုံးခဲ့သဖြင့် ယခင်နှစ်ထက် သေဆုံးသူ နှစ်ဆ နီးပါးမြင့်တက်ခဲ့ကြောင်း
အဆိုပါ ဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။
သေဆုံးသူ
မြင့်တက်သကဲ့သို့ မီးလောင်မှုများသည် ယခုနှစ်တွင် ယခင်နှစ် ထက် ၂ဆ
ကျော်မြင့်တက်ခဲ့သော်လည်း ငွေကြေးဆုံးရှုံးမှု တန်ဖိုးသည် ၂၀၁၂ခုနှစ် တွင်
ကျပ် ၆၂၂၃ သန်း ဆုံးရှုံးခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ကျပ် ၂၉၅၁ သန်း
ဆုံးရှုံးခဲ့သဖြင့် ယခုနှစ်တွင် ဆုံးရှုံးမှု နှစ်ဆခန့် လျော့နည်းခဲ့ကြောင်း
မီးသတ်ဦးစီးဌာနထံမှ သိရှိရသည်။
မီးလောင်မှု မြင့်တက်လာခြင်းသည်
အဆောက်အအုံ များပြားလာခြင်းနှင့် ပဋိပက္ခဖြစ်ပွားမှု စသည်တို့ကြောင့်
မီးလောင်မှု မြင့်တက်လာခြင်းဖြစ်ကြောင်း မီးသတ်ဦးစီးဌာန အကြီးတန်းအရာရှိ
တစ်ဦးက ပြောကြားသည်။
မီးလောင်မှုများ လျှော့ချနိုင်ရန် မီးဘေး
ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ် အလိုက် ပညာပေးခြင်း၊ စက်ရုံ ၊
အလုပ်ရုံများ၊ ဈေးများကို စစ်ဆေးခြင်း၊ အသိပညာပေးခြင်း၊
မီးလောင်ဆုံးရှုံးမှု များနိုင်သော အဆောက်အအုံများတွင် သီးသန့်
မီးသတ်တပ်ဖွဲ့ဝင်များ ဖွဲ့စည်းပေးခြင်း ၊ မီးငြှိမ်းသတ်ရေး သင်တန်း များ
ဖွင့်လှစ်ပို့ချခြင်း ၊ မီးသတ်တပ်ဖွဲ့ဝင်များကို
စွမ်းဆောင်ရည်မြှင့်သင်တန်း များ ပို့ချခြင်းများနှင့် အဆောက်အအုံ
တည်ဆောက်ရာတွင် မီးဘေး ကာကွယ်ရေးနှင့် မီးလောင်ပါက အသက်ဘေး
လွတ်မြောက်နိုင်ရန် အကြံပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း
မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
by the voice weekly
Thursday, June 6, 2013
မီးလောင်မှုကြောင့် လူသေဆုံးမှု နှစ်ဆခန့်မြင့်
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...