ရှမ်းပြည်နယ် လားရှိုးမြို့တွင် လူသေဆုံးသည်အထိ ပဋိပက္ခများ ဖြစ်ပွား ရာတွင်
အစပြုခဲ့သော အမျိုးသမီးတစ်ဦးအား ဓာတ်ဆီပက် မီးရှို့ခဲ့သူ အမျိုးသားကို
လားရှိုးမြို့နယ် တရားရုံးက ဇွန်လ ၁၁ ရက်နေ့ တွင် ထောင်ဒဏ် ၂၆ နှစ်
ချမှတ်လိုက်ကြောင်း အဆိုပါ မြို့နယ်တရားရုံး ထံမှ သိရှိရသည်။
ပြစ်ဒဏ်စီရင်ခံရသူ
အသက် ၄၈ အရွယ် ဦးနေဝင်းကို လားရှိုးမြို့နယ် တရားရုံးက မူးယစ်ဆေးဝါးနှင့်
စိတ်ကိုပြောင်းလဲစေသော ဥပဒေဆိုင်ရာ ပုဒ်မ ၁၅ အရ ထောင်ဒဏ် ငါးနှစ်၊
မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု ပုဒ်မ ၁၆ (ဂ) အရ ခုနစ်နှစ်၊
လူသတ်မှုကျူးလွန်ရန် အားထုတ်မှု ပုဒ်မ ၃၀၇ အရ ၇ နှစ်၊ အပြင်းအထန် နာကျင်စေမှု
ပုဒ်မ ၃၂၆ အရ ခုနစ်နှစ်တို့ကို သီးခြားစီ ကျခံစေရန် ချမှတ်ခဲ့သည်။
လာရှိုးမြို့တွင် မေလ ၂၈ ရက်နေ့က အမျိုးသမီးတစ်ဦးကို ဦးနေဝင်းက
ဓာတ်ဆီလောင်း မီးရှို့ခဲ့ရာမှ စတင်ကာ ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး
လူတစ်ဦးသေဆုံး၍ ငါးဦးဒဏ်ရာရရှိခဲ့ကာ လူနေအိမ် ငါးလုံး၊ ရုပ်ရှင်ရုံ
တစ်ရုံ၊ ဆိုင်ခန်း ၃၂ ခန်း၊ မော်တော်ယာဉ် နှစ်စီး၊ ဆိုင်ကယ် ၁၁ စီး
မီးလောင် ပျက်စီးခဲ့သည်။
ယင်းပဋိပက္ခများကြောင့် လားရှိုးမြို့တွင်
ထုတ်ပြန်ထားသည့် ညမထွက်ရ အမိန့် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ကို
မေလ ၂၈ ရက် (ပဋိပက္ခ စတင်ဖြစ်ပွားသည့်နေ့)တွင် စတင်ထုတ်ပြန်ခဲ့ပြီး ဇွန် ၈
ရက်နေ့မှ စတင်ကာ ည ၁၀ နာရီမှ ၃ နာရီသို့အချိန် လျှော့ချခဲ့သည်။
by the voice journal
Wednesday, June 12, 2013
လားရှိုးပဋိပက္ခ အစပျိုးသူကို ထောင်ဒဏ်၂၆ နှစ် ချမှတ်
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...